Author: စေလိုရာ
•12:53 AM
ရုရှားမှာရှိတဲ့ ညီအစ်ကိုများ အနေဖြင့် အချစ်ဇာတ်လမ်းများကို sakargyiAAA@gmail.com သို့ ပေးပို့ကြပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။ အကြောင်းအရာလောက်ဆို တော်ပါပြီး။ နာမည်၊နာမ ဖော်ပြစရာ မလိုပါဘူး။ လိုချင်တာကို ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုလျှင် နံပါတ်(၁) ရည်ရွယ်ချက်က နောက်ထပ် အခြားသောသူများ ဆက်လက်တိုက်ခိုက် လာတော့မည်ဆိုတာကို ကြိုတင်သိထားသလို… Mail တွေမှာ လာလာဖဲ့နေတဲ့ လူတွေရှိတာကြောင့်၊ ရုရှားမှညီအစ်ကိုများ အားလုံး ၀ိုင်းဝန်းကူညီစေချင်တယ်… တစ်ယောက်ထဲ တွန်းမည့်အစား ပြိုင်တူတွန်းလျှင် ပိုရွေ့မည် ဖြစ်ပါတယ်။ သေချာစဉ်းစားပါ… အထူးသဖြင့် ရုရှားမှာအသဲကွဲနေတဲ့ လူတွေအများကြီးပါ၊ အသဲကွဲခံခဲ့ရတဲ့လူတွေ မနည်းပါဘူး။ ထို့အပြင် သူတို့ရဲ့ချစ်သူတွေလုပ်လို့ ဘ၀ပျက်သွားတာလည်း အများကြီးပါ။ အရမ်းကို သနားမိပါတယ်။ ဘေးကကြည့်တာ ဖြင့်ကို (လုံးဝ) မခံနိုင်ပါဘူး။ ထို့ကြောင့် အသဲကွဲသူများ အနေဖြင့် မိမိ၏ဇာတ်လမ်းကို အကျဉ်းချုပ် အနေဖြင့် ပေးပို့စေလိုပါသည်။ ထပ်ပြီးပြောဆိုချင်တာက ကိုယ်ကမပြတ်နိုင်ဘူးဆိုလျှင် အတင်းမတောင်းဆိုပါဘူး… အကယ်၍ (လုံးဝ) ပြတ်ဆဲနိုင်တယ်၊ သူဘက်က ကိုယ့်ကိုရက်ရက်စက်စက် ဒါမှမဟုတ် ကလေးများလို လက်သာရာ လိုက်သွားပြီး ဆိုရင်တော့ ကျုပ်ဆီကို Mail ပို့ပေးပါ။ မိတ်ဆွေတို့မှာ ရှိတဲ့ ထူးခြားသော ဗွီဒီယို၊ဓာတ်ပုံများကို ပေးပို့နိုင်ခြင်းဖြင့် ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ ဘာမှမလုပ်ချင်ပါသဖြင့် ထိုင်နေသည်… ထိုင်နေတာကို “ထ”ခိုင်းနေရင်တော့ “ထ”မှန်းသိအောင်ကို လုပ်ပြရမှာပေါ့။ ဒါပေမဲ့… အရင်ဆုံး“ထ”လာတဲ့ သူကတော့ ကျုပ်မဟုတ်ပါဘူး။ ခင်ဗျားတို့ အားလုံးသိတဲ့ ဆရာမကြီးတစ်ယောက် ဖြစ်ပါလိမ့်မည်။ တစ်ဦးတစ်ယောက် အတွက် အလုပ်လုပ်နေခြင်း မဟုတ်ပါဘူး… အများအတွက် လုပ်နေတာဖြစ်သောကြောင့် အားလုံးကူညီ လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ရုရှားရောက်ညီအစ်ကိုများ အနေဖြင့် မမေ့အပ်တာကို မမေ့ပါနှင့်…. ဘာမမေ့အပ်သလဲ… သူတို့ကစ်တုန်းက ပျော်ပျော်ရွှင်ရွှင်ကြီးပါ၊ ကိုယ်ကစ်မှ ၀မ်းနည်းနေရမှာကိုလည်း တွေးပြီး စိတ်ပူပေးမနေနဲ့။ သီချင်းတစ်ပုဒ် ရှိပါတယ်….“ မင်းစတဲ့ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ဟာ ဘယ်မှာလဲ အဆွေးများနဲ့ ကိုယ်တစ်ယောက်ရှုး” ယခုရှုးနေကြပြီးမဟုတ်လား၊ ထူးနေတဲ့လူတွေက ကျုပ်ကိုဆက်သွယ်ပေးပါ… အားလုံးအိုကေမှာ ဆိုပြေစေရမယ်။ ညီအစ်ကိုများ ရေးချင်သလောက် ရေးပေးပါ။ ကျုပ်အနေဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါမည်။ ကျုပ်ကို အားလုံးယုံကြည် နေဖို့ပဲလိုပါတယ်။ ၀မ်းနည်းခြင်းအနေဖြင့် ကျုပ်၏သူငယ်ချင်းတွေ အသဲကွဲနေရတာကို မကြည့်ရက်ပါဘူး။ သူတို့အတွက် ဘာလုပ်ပေးရမလဲ… ဘာလုပ်ပေးနိုင်မလဲ… ဒါပဲအမြဲတမ်း စဉ်းစားတယ်။ တကယ်ချစ်တတ်တဲ့ လူတွေပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ တော်တော်ခံရခက်တဲ့ ဝေဒနာတွေ ပေးသွားကြတယ်။ အသဲကွဲသော လူများဘက်မှ ရပ်တည်မည့်သူ တစ်ယောက် ပေါ်ထွက်လာတယ်လို့သာ အောင်မေ့နိုင်ပါတယ်။ ရည်ရွယ်ချက်ကတော့ သိပ်အများကြီး မဖဲ့ချင်ပါဘူး… နောင်မှာနာကျဉ် သွားအောင်လုပ်ဖို့ပဲ ရှိပါတယ်။
နောက်ဆုံးပြောချင်တာက ကိုယ့်ရဲ့ညီအစ်ကိုများ တကယ်ရှင်းလင်းပြတ်သားပြီး ကိုယ်တကယ် ခံလိုက်ရတယ်၊ ကိုယ့်ရဲ့ဘေးမှ သူငယ်ချင်းတစ်ယောက် ခံစားနေရသည်များကို ကိုယ်ချင်းစာ၊ သူချင်းစာ ကြည့်ပါ။ အားလုံး အိုကေတယ်…।အဆင်ပြေတယ်ဆိုရင် ကျုပ်ကို ၀ိုင်းဝန်းကူညီပေးကြပါ။ Cbox မှာတော့ လာရေးသွားကြတယ်။ ဇာတ်လမ်းတွေ ဓာတ်ပုံတွေ သိမ်းထားတာ ရှိတယ်ဆိုလို့ ပျင်းရိမနေကြပါနဲ့။ ကိုယ်ပျင်းရင် ကိုယ့်ကိုဗျင်းမဲ့ သူတွေ ပေါ်ထွက်လာမယ်ဆိုတာ သတိထားကြပါလို့ ကိုစေလိုရာ မှ အသိပေး တိုက်တွန်းလိုက်ပါတယ်။ ၀ီကီပီဒီယာတော့ မဟုတ်ပါဘူး... အားလုံးအတွက် သိရှိအောင်လုပ်ပေးနေတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခု ထပ်ပြောချင်တာက ဘုမသိဘမသိဖြင့် ၀င်ရောက်ကာ အပြစ်ပြောဆိုခြင်းများ ရှောင်ကျဉ်ကြပါ/ မရှောင်ကျဉ်ကြပါနဲ့ လို့ဘယ်လောက်ပြောပြော လိုက်နာရအောင် တခြားလူတွေက ကိုယ့်ရဲ့ညီလည်း မဟုတ်ဘူး၊ ညီမလည်း မဟုတ်ဘူး။ ဒါပေမဲ့ပုံကြီးချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ ဘေးမှာလက်ခုပ်တီးနေသူများ ရှိနေတာကို လူတိုင်းသိဖို့ လိုလိမ့်မယ်။ မြင်လည်းမြင်ယောင်နေပါသည်။ ဒါကြောင့် အားလုံးသိထားရမှာက မဆီမဆိုင်တဲ့ အကြောင်းအရာတွေ ထည့်ပြီးသူတို့ လိုချင်တဲ့ နေရာကို ရောက်အောင် ခေါ်ဆောင်သွားတဲ့အခါ မလိုက်ကြဖို့ အသိပေးလိုပါသည်။ (ဥပမာ-သချိုင်ကုန်း)
လေးစားစွာဖြင့်
စေလိုရာ
|
This entry was posted on 12:53 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On January 31, 2010 at 9:38 AM , minkha said...
This comment has been removed by the author.
 
On January 31, 2010 at 9:56 AM , minkha said...

လူတွေမှာလူဆိုတဲ.ဂုဏ်ပုပ်တစ်ခုတော.တူကြပါတယ်။ခံယူချက် ရည်ရွယ်ချက်နဲ. ပန်းတိုင်တွေတော.မတူကြပါဘူး။ဒါပေမဲ.လည်းအားလုံးကတော.နောက်ဆုံးသေကြမှာပဲ။လူဆိုတာအဆင်းအတန်းအားလုံးအတူတူပါ။အပေါ်ယံအ၀တ်အစားတွေနဲ. နေထိုင်မှုတွေပဲကွာသွားကြတာပါ။တစ်နေ.တော.အားလုံးသေခြင်းတရားနောက်ကိုဘာမှမယူနိုင်ပဲသွားရမှာတော.အမှန်ပဲ။ လူတိုင်းအပေါ်မှာစေတနာသန်.သန်.လေးထားပြီးတော.အမြင်တည်.တည်.လေးနဲ.ကြည်.စေချင်ပါတယ်အားလုံးကိုပေါ. >>.this too will pass...

 

ဇာတိမာန်