Author: စေလိုရာ
•5:45 AM
အလင်းအမှောင်ကို ခွဲခွဲခြားခြားမသိနိုင်ရင် ဒီစာရဲ့ဖော်ပြချက်ကို ကောင်းစွာနားလည် နိုင်လိမ့်မည် မဟုတ်ချေ။ အလင်းဆိုတာက လူတွေကိုအကျိုးပြုတာ များပြားလွန်းပါတယ်။ အမှောင်ဆိုတာက လူတွေကို များသောအားဖြင့် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
Comment တစ်ခုမှာ ရေးထားတဲ့ အကြောင်းအရာတစ်ခုသည် လူ့ပတ်ဝန်းကျင်နှင့် ဘ၀င်မကျသောကြောင့် အတွေးအခေါ် မြင့်မြင့်ရှိအောင် ကျွန်တော်ပြောပြချင်ပါတယ်။ သူရေးထားတဲ့ အချက်ကလေး တစ်ချက်ကို ပြောပြရမည်ဆိုရင် (ကျွန်တော်တို့တိုင်းပြည်မှာ အစိမ်းဝတ်တွေနဲ့ ပြည်သူတွေကြားမှာရှိတဲ့ အတားအဆီးက တစ်နေ့တစ်ခြားကြီးထွားလာပြီဆိုတာကို အစ်ကိုတို့လည်း ရိပ်မိမှာပါလေ... ဒါတွေအကုန်လုံးကို နိုင်ငံခြားသတင်းဌာနတွေက လုပ်တယ်လို့ ပြောလို့မရမှန်း သိနိုင်ပါတယ်...) ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သတ်ပြီး ရှင်းလင်းသွားမှာပါ။ အမြင်ကျယ်ကျယ်နဲ့ အမြင့်ကို ရောက်ရှိတာဟာ အကောင်းဆုံးဖြစ်ပြီး၊ အမြင့်ရောက်ပြီးမှ အမြင်ကျယ်တာဟာ မကောင်းဘူးလို့ ကျွန်တော်တို့ရဲ့ ဆရာတွေအမြဲ ပြောကြားလေ့ရှိတာကို အားလုံး နားလည်စေချင်တဲ့ ရည်ရွယ်ချက်ဖြင့် ရေးသားခြင်းဖြစ်ပါသည်။
အစိမ်းဝတ်တွေဆိုတာ စစ်တပ်ကိုဆိုလိုခြင်းပဲ ဖြစ်ပါသည်။ အစိမ်းရောင် ၀တ်ထားတိုင်း အမြင်မကြည်လင်မှု တွေကိုလျှော့ထားသင့်တယ်။ စစ်တပ်ဆိုတာ ပြည်သူလူထုက ပေါက်ဖွားလာတဲ့ အမျိုးကောင်းသားများနှင့် ကိုယ့်ရဲ့လူမျိုးတွေထဲမှ ဗုဒ္ဓဘာသာဝင်များပဲ ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ တခြားနိုင်ငံတွေလို နိုင်ငံခြားသား စစ်မှုထမ်းပိုင်ခွင့် မရှိပါဘူး။ ကိုယ့်လူမျိုးတွေပဲ ထမ်းဆောင်ရတဲ့ စစ်တပ်အဖွဲ့အစည်း တစ်ခုပါ။ ဒီအဖွဲ့အစည်းကြီးကို အပြစ်တင်တယ်၊ ဆဲရေးတိုင်းထွား ပြောဆိုခြင်း နှင့် နိုင်ငံတကာသိအောင် မမှန်မကန် သတင်းလွှင့်နေခြင်းသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ရေ၊မြေ ကို ဒုက္ခပေးသလို ဖြစ်မနေဘူးလား။
ခင်ဗျားတို့ ပြောနေတဲ့ ဒီစစ်တပ်ကြီး အုပ်ချုပ်တာ ဘာမှမတိုးတက်ဘူးတဲ့။ တိုးတက်ချင်ရင် အားလုံးအသိစိတ် ကောင်းကောင်းလေးတွေ မွေးကြပါလား။ အဝေးကနေ နိုင်ငံမကောင်းကြောင်း အော်နေတဲ့လူတွေထက် နိုင်ငံတော် အကြီးအကဲတွေက နိုင်ငံကောင်းကျိုး ပိုလုပ်နေပါတယ်။ သူတို့ရဲ့ စေတနာတွေ မေတ္တာတွေကို အသိအမှတ်ပြုသင့်ပါတယ်။ မတိုးတက်ဘူးဆိုတာ ခင်ဗျားတို့က နိုင်ငံခြားမှာနေပြီး အပြင်အဆင် အမြင်လန်းမှု တွေနဲ့ အသားကျနေလို့သာ ဖြစ်လိမ့်မယ်။ လမ်းတွေဖောက် တံတားတွေဆောက် ဆည်တွေဆောက်လုပ်ပေး ခဲ့တာ အခုဆိုရင် မရေတွက်နိုင်တော့ပါဘူး။ အဲလိုလမ်းဖောက်မှုတွေမှာ ခင်ဗျားတို့ ပြောတဲ့ အစိမ်းဝတ်တွေ သွေးနဲ့ချွေးနဲ့ ရင်းပြီးလုပ်ဆောင်ခဲ့ရတယ်။ ရထားလမ်းတွေ ဖောက်လုပ်တာဆို အဆိုးဆုံးတွေပဲ…၊ အစိမ်းဝတ်ဆိုတဲ့ စစ်သားတွေက အကျိုးအမြတ်ကို မကြည့်ဘူး။ ပြည်သူတွေအတွက် ကောင်းရာကောင်းကျိုး ဖြစ်သွားရင် ကျွန်တော်တို့ရင်ထဲမှာ ပီတိဗျ။ ပြည်သူတွေမှာလည်း ကိုယ့်မိဘတွေ မိသားစုဝင်တွေ ဆွေးမျိုးတွေ တစ်နယ်ထဲ မောင်နှမသားချင်းတွေ ပါဝင်နေတာကြောင့် ကိုယ့်ပြုတဲ့ကုသိုလ်တရား အတွက်ဂုဏ်ယူမိပါတယ်။ အဲဒီနေရာမှာ အစိမ်းဝတ်တွေကို မကောင်းကြောင်း ပြောတဲ့လူတွေ ခင်ဗျားတို့ ဘာလုပ်ပေးဖူးလဲ…၊ ရထားလမ်း ဖောက်ဖူးသလား၊ တောတောင်တွေကြားမှာ စားနပ်ရိက္ခာ သတ်မှတ်ထားတဲ့ စံချိန်စံညွန်းနဲ့ လမ်းကို ခင်ဗျား ဘယ်နှမိုင်လောက် လျှောက်ဖူးသလဲ၊ ကားလမ်းမပေါက်တဲ့ နေရာတွေမှာ ကျုပ်တို့ခရီးဆက်ခဲ့ တဲ့နေတွေ၊ ညတွေနဲ့ တခါတလေ အားလုံးနဲ့ အဆက်အသွယ် ပြတ်သွားတာမျိုးတွေ ခင်ဗျားတို့ ကြုံဖူးသလား။
ဖုန်းလေးတစ်လုံးကိုင်ပြီး ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် လှမ်းဆက်လို့ မရဘူး။ အော်ခေါ်လို့ မရဘူး။ သံလိုက်အိမ်မြှောင်ကိုသုံး၊ မြေပုံတစ်ချပ်နဲ့ သွားလိုတဲ့အရပ်ကို ခရီးဆက်၊ ရန်သူမြင်ရင် လက်ဦးမှုရယူသွားမှာ မို့လို့ လက်နှိပ်ဓာတ်မီးတောင် ထွန်းလို့မရတဲ့ နေရာမျိုးတွေ၊ လသာတဲ့ညမျိုးမှာ လကိုကြည့်၊ ကြယ်တွေကို ကြည့်ပြီး လမ်းလျှောက်ခဲ့ရတယ်။ ဘေးမှာကချောက်ကမ်းပါး၊ ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူး ပြုတ်ကျ တခါထဲ သေရမှာ၊ ခင်ဗျားတို့ ပတ်ဝန်းကျင်မှာ သေသလို အုတ်ဂူလှလှလေးတွေ အစိမ်းရောင်ဝတ်တဲ့ လူတွေဆီမှာ မရှိဘူး။ သေရမဲ့လူတွေပဲ သေတာကို လာပြောမနေနဲ့လို့ ကျွန်တော်တို့ကို တိုက်ခိုက်ပြောချင် နေပေမဲ့ ခင်ဗျားကိုယ်တိုင်ကိုက အုတ်ဂူလှလှလေးတွေ ရှိတဲ့နေရာကို လိုက်ပို့နေခဲ့ရတာပဲ မဟုတ်လား။ မိုးရွာတဲ့ ညတွေမှာ ဘယ်လိုသွားကြမလဲ၊ သတ်မှတ်ထားတဲ့ နေရာကို အရောက်သွားရမယ် အချိန်အတိုင်းအတာနဲ့ မိုးကလည်း အရမ်းရွာတယ် ခရီးကဆက်လို့ မရတော့ဘူး၊ ရှေ့ကိုဘာမှ မမြင်ရတဲ့ အချိန်မျိုးမှာ တစ်ယောက်တန်း စနစ်ဖြင့် လာရာလမ်းအတိုင်း ထိုင်ပြီးအိပ်ခဲ့ရတယ်။ ရန်သူရဲ့ မိုင်းကွင်းတွေက ရှိသေးတယ်။ ဘယ်ဘက်ကိုတော့ စိတ်ချရတယ် မိုင်းမရှိတဲ့ချောက်နက်ကြီး ဖြစ်နေလို့ ပြုတ်ကျရင်သေမှာ၊ ညာဘက်မှာတော့ တောင်ပဲရှိတယ်။ တစ်ညလုံးမိုးရည်ထဲမှာ ထီးမပါဘူး၊ မြေခင်းစလေးကို ခေါင်းပေါ်တင်၍ ထိုင်ပြီး အိပ်ခဲ့ရတယ်။ ခင်ဗျားတို့ အဲလို လုပ်ဖူးသလား။ ခင်ဗျားတို့ လုပ်ဖူးဖို့ မလိုဘူး၊ စာနာတတ်ဖို့ပဲ လိုတယ်။ ကိုယ်ချင်းစာ တတ်ဖို့ပဲ လိုတယ်။ ကျွန်တော်တို့ အခုလို ပင်ပန်းလို့ ဘယ်တော့မှ အားမငယ်ခဲ့ဘူး။ ရည်ရွယ်ချက်ကို ရောက်အောင် သွားခဲ့တယ်။ လုပ်ငန်းတာဝန်ပြီးဆုံးချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်တွေဟာ ထိပ်ဖျားကို ရောက်နေပါတယ်။ ယခုလို စိတ်ဓာတ်တွေ ရှိအောင်လည်း အစိမ်းရောင်ဆိုတဲ့ ယနေ့ခေတ် တပ်မတော်ကြီးကပဲ ပေးခဲ့၍ ဂုဏ်ယူ၍မဆုံးပါဘူး။
နိုင်ငံတော် အကြီးအကဲတွေက ကျွန်တော်တို့ထက်ကို ဆိုးတဲ့ခံစားမှုတွေ၊ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းပြီးမှ ယခုလို နေရာကို ရောက်နေရတာပါ။ ဒီလိုလုပ်သွားတဲ့ အစိမ်းရောင်ဝတ် စစ်တပ်သာ အနစ်နာခံတာ မဟုတ်ရင် ခင်ဗျားတို့ နိုင်ငံခြားမှာ အ၀တ်စားသန့်သန့်ဝတ်ပြီး အစည်းအဝေးတွေလုပ် အစားကောင်းသောက်ကောင်း စားပြီး ဒီမိုကရေစီပါ ဆိုတဲ့လူတွေကို အနစ်နာခံတယ်လို့ ပြောရမှာလား။ အဲဒီလူတွေကို ဘယ်လိုယုံကြည် ရမှာလဲ။ နှိုင်းယှဉ်ကြည့်ပါ… နိုင်ငံတော်အတွက် ကောင်းကျိုးတွေ အများကြီးလုပ်ပြီးမှ နိုင်ငံအုပ်ချုပ် နေတဲ့အကြီးအကဲ နှင့် နိုင်ငံခြားမှာနေပြီး ဒီမိုကရေစီ လုပ်ငန်း လုပ်နေတဲ့လူ ဘယ်သူ့ကို ပြည်သူတစ်ယောက် အနေနဲ့ ထောက်ခံသင့်သလဲ။ အားပေးသင့်သလဲ၊ ကူညီသင့်သလဲ၊ ဒါတွေကို ပြည်သူတွေရဲ့ ရင်ထဲမှာ ရှိနေလို့ ခင်ဗျားတို့ အခုချိန်ထိ အရင်အတိုင်း လမ်းဟောင်းမှာပဲ ကျန်နေခဲ့ရတာပေါ့။ ဒီလူတွေကို နိုင်ငံတော်ကြီး ပုံအပ်ရမှာလား။ ဝေးသေးတယ်…။ တိုင်းပြည်ကြီး မတိုးတက်ဘူး အော်နေတဲ့ လူတွေထဲက လူတစ်ယောက်ကို သမ္မတခန့် အပ်လိုက်မယ်။ ခင်ဗျားတို့ ပြောတဲ့ဒီမိုကရေစီပေါ့၊ နိုင်ငံကြီး တိုးတက်အောင် ဘာတွေလုပ်မလဲ… လေးနှစ်ဆိုတဲ့ အတိုင်းတာဟာ သမ္မတသက်တမ်းပဲ၊ လေးနှစ်အတွင်း ခင်ဗျားအကောင်အထည် ဖော်ဖို့လွယ်ကူသလား၊ ကိုယ်လည်းမလုပ်နိုင်ဘူး၊ လုပ်နေတဲ့လူတွေကိုလည်း အပြစ်ပြောတယ်၊ ကျွန်တော်ကတော့ မမြင်ဘူး၊ ဥပမာ-ခင်ဗျားတို့ နိုင်ငံတော်အကြီးအကဲ ဖြစ်ပြီး ပြုတ်သွားရင်လည်း နောက်တက်လာမဲ့ သူကိုလည်း အခုလိုပဲ ပြစ်တင်ရှုတ်ချနေဦးမှာပဲ။
ခင်ဗျားတို့ ဒီလိုနိုင်ငံအတွက် အနစ်နာမခံချင်လို့ ကိုယ့်အတွက်သာကြည့်ပြီး ပြည်ပမှာ မှီတင်းနေထိုင်ပြီး နိုင်ငံမကောင်းကြောင်း ထိုင်အော်နေတာ မဟုတ်လား။ ခင်ဗျားတို့မှာ ကိုယ်ချင်းစာတရား မရှိဘူးလား။ ခင်ဗျားပြောတော့ ဗုဒ္ဓဘာသာဆို၊ မကျေနပ်ရင်တောင် တကယ်လုပ်နေတဲ့ လူတွေကိုတော့ ခင်ဗျားအပြစ် မပြောသင့်ပါဘူး။ ကျွန်တော်တို့ အနစ်နာခံနေတာ တိုင်းပြည်နဲ့ ပြည်သူတွေ အတွက်ပဲ။ စစ်တပ်ထဲ ၀င်လို့ချမ်းသာတာ မဟုတ်ဘူး။ ကျွန်တော်တို့မှာ ချမ်းသာတာဆိုလို့ လျှောက်နေရတဲ့ မိုင်တိုင်တွေ၊ တာဝန်တွေ၊ ပြည်သူအတွက် ပေးထားတဲ့အသက်၊ သွေး၊ချွေးတွေပဲ ဖြစ်ပါတယ်။ တိုက်ပွဲမှာ ပြည်သူတွေရဲ့ ပို့သတဲ့မေတ္တာတွေကြောင့် အသက်ဘေးမှ လွတ်ခဲ့ရကြိမ်ပေါင်း များလို့ အသက်တွေချမ်းသာ နေတာပါ။ ချမ်းသာချင်လို့ စစ်တပ်ထဲ ၀င်လာတာ မဟုတ်ဘူး။ စိတ်ကူးလည်း ကျွန်တော်တို့မှာ မရှိဘူး။ အိမ်ဆိုတာ ကျွန်တော်တို့မှာ မရှိဘူး။ ရောက်နေတဲ့ နေရာဟာ အစိမ်းရောင် ၀တ်တွေရဲ့ အိမ်ပဲဖြစ်တယ်။ ကျွန်တော်တို့နေခဲ့တဲ့ အိမ်သည် ခဏတစ်ဖြုတ် ၀င်တည်ခိုရာ ဧည့်ဂေဟာသာ ဖြစ်သည် ဆိုတဲ့ ဆိုဒ်ဘုတ်ပဲ ပိုင်ဆိုင်တယ်။ ဘယ်အလုပ်မဆို ဂုဏ်ရှိတယ်၊ စစ်သားဆိုတာ ပိုတောင် ဂုဏ်ရှိသေးတယ်။ စနစ်တကျ တည်ဆောက်ထားတဲ့ နိုင်ငံတော် ကာကွယ်ရေးအဖွဲ့အစည်း တစ်ခုကို လွယ်လွယ်နဲ့ ဖြိုခွဲဖို့ မလွယ်ဘူး။ သူခိုးနဲ့ ပိုင်ရှင်နဲ့ အကွာကြီးပါ။ ခိုးတဲ့လူတွေသာ ကြောက်နေရတာ ဟိုပြေးဒီပြေးနဲ့ ပိုင်ရှင်ဆိုတာက အဲဒီသူခိုးကို ဖမ်းဖို့စောင့်နေတာပါ။ ဒီထက်ပိုဆိုးလာရင် ဖမ်းဝရမ်းထုတ်ပြီး ဖမ်းရုံပဲ။ အပေါ်မှာ ပြောခဲ့တဲ့ အလင်းနဲ့အမှောင်ဆိုတာလည်း ဒီသဘောပဲ။
နိုင်ငံတော်အစိုးရက မမှန်ကန်ခဲ့ဘူး ဆိုရင် အခုချိန်မှာ ကမ္ဘာ့ကုလသမ္မဂက ၀င်ရောက် စွက်ဖက်နေတာ ကြာပေါ့။ စစ်တပ်တောင် ပြာကျနေလောက်ပြီး။ လူ့အခွင့်အရေး ချိုးဖောက်တာ မှန်နေရင် ကျွန်တော်တို့လို နိုင်ငံသေးသေးလေးကို ကမ္ဘာ့ကုလသမ္မဂက တရားသောနည်းဖြင့် အုပ်ချုပ်နေလောက်ပြီး။ အခြေအမြစ်မရှိတဲ့ စကားလုံးတွေနဲ့ ပါးစပ်ကထွက်တာ လျှောက်ပြောမနေစမ်းပါနဲ့…။ သေချာစဉ်းစားပြီးမှ လာပြောကြပါ။ ဒီအချက်မှာ ခင်ဗျားတို့ အနေဖြင့် ပြောစရာတစ်ခုရှိတယ်၊ မှန်တယ်ဆိုရင် စက်တင်ဘာမှ ဘာလို့ဘုန်းကြီးတွေကို သတ်ရတာလဲ…? ထိုအချက်ကိုလည်း သေချာစွာ ရှင်းပြနိုင်တယ်။ တာဝန်ထမ်းဆောင် နေသော နိုင်ငံဝန်ထမ်း တစ်ယောက် အနေဖြင့် နိုင်ငံကိုပျက်စီးအောင် မငြိမ်မသက် ဖြစ်အောင်လုပ်ဆောင် နေတာကို လက်ပိုက်ကြည့်လို့ မရနိုင်ပါ။ ကျွန်တော့်အနေနဲ့ကတော့ မျက်နှာမလိုက်ပါဘူး။ အားလုံးကို အပြစ်ရှိတဲ့ အတိုင်းလုပ်ရမှာပဲ။ နိုင်ငံတိုင်းမှာလဲ ဒီအတိုင်းပါပဲ။ တခြားနိုင်ငံတွေမှာက ဘာသာရေးကို အကြောင်းပြပြီး နိုင်ငံရဲ့အာဏာကို ကမောက်ကမ ဖြစ်အောင်လုပ်တာ ရှားပါးလွန်းပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံမှာ စစ်မှုထမ်းတွေ အားလုံး ဗုဒ္ဓဘာသာတွေဖြစ်တယ်။ အကယ်၍ ယခင်ယခင် လက်ထက်တွေ ဘုန်းကြီးတွေကို စစ်တပ်က မကြည်ညိုပဲ မကိုးကွယ်ပဲ နေခဲ့တာဆိုရင် ယခုလို ဆန္ဒပြနိုင်တယ်။ ကျွန်တော်တို့ အသိပဲ ဘုန်းကြီးကျောင်းတွေ ဘုန်းဘုန်းတွေကို ဘယ်လိုမျိုး ကြည်ညိုခဲ့သလဲ ဆိုတာ မေးစရာမလိုပါဘူး။ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက မြင်ဖူးနေပါတယ်။ ဒါကိုမှမထောက် ကိုယ်လုပ်ချင်တာ လုပ်လာတဲ့ လူတွေကို အစိမ်းရောင်ဝတ်တွေက လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်ခဲ့ရတာပါ။ အစိမ်းရောင်ဝတ် သောသူတွေက တာဝန်ထမ်းဆောင်ချိန်မှာ တာဝန်နှောက်ယှက်မှု နိုင်ငံတော်ဆူပူမှု ဦးဆောင်သူတွေ နားလည်မှုမရှိပဲ အခက်တွေ့အောင် လုပ်ဆောင်သူတွေကို နိုင်ငံတော်ရဲ့ အမိန့်အရ တာဝန်အတိုင်း လုပ်ဆောင်ပိုင်ခွင့် ရှိပါတယ်။
ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ဘာလို့ဘုန်းကြီးတွေကို ပစ်သတ်တာလဲ… အဲဒီမှာ ပြည်သူတွေက အယုံအကြည် ကင်းမဲ့မသွားဘူးလားတဲ့… ကင်းမဲ့သွားစရာ မလိုပါဘူး။ ဘုန်းကြီးဝိနည်းနဲ့ နေရင်သေစရာ လည်းမလိုဘူး၊ ၀ိနည်းနဲ့အညီ ကျင့်ကြံနေတဲ့ ဘုန်းကြီးကိုလည်း ဘယ်စစ်တပ်ကမှ ဘုန်းကြီးကျောင်းထဲ ၀င်ပြီးပစ်မသတ်ဘူး။ လမ်းမပေါ်မှာ မေတ္တာရပ်ခံခြင်းကို မကျေမနပ်ဖြစ်၊ ပစ်တော့ထွက်ပြေး၊ ကျောင်းအတွင်းမှာ ရှိတဲ့ သိက္ခာရှိတဲ့ ဘုန်းကြီးတွေကိုပါ ဒုက္ခပေးဆောင်ကြတာပဲ မဟုတ်လားဗျာ။ အစိမ်းရောင်ဝတ်တွေက ဘုန်းကြီးတွေကို မေတ္တာရပ်ခံပါတယ်။ အစိမ်းရောင်ဝတ်တွေမှာ လုပ်နိုင်တဲ့ ဂါရ၀တရားကို ဖော်ထုတ်ပြပါတယ်။ ဘုန်းဘုန်းများ ရှေ့သို့မတိုးပါနဲ့ အရှင်ဘုရားတို့ ဒီထက်ဆိုးလာရင် တပည့်တော်တို့ နိုင်ငံတော်တာဝန်အရ လုပ်ဆောင်ရပါတော့မည် ဟု ပြောဆိုပြီးချိန် တွင် စစ်တပ်မှ တပ်မတော်သားများနှင့် ရဲဘက်ဝန်ထမ်းများ အားလုံး ထိုင်ကန်တော့ပါတယ်။ ထို့နောက်တွင် ဖြစ်လာတဲ့ ကိစ္စအ၀၀သည် မည်သူတွေဘက်မှ လွန်လာမည်နည်း…။ ဒီအချိန်မှာ ဘုန်းကြီးအစစ်အမှန်ဆိုရင် နားလည်ပါတယ်။ ခွင့်လွတ်စိတ်၊ သနားစိတ်၊ တရားဖြင့်အေးချမ်းရာကို သွားကြမှာပဲ။ ဘုန်းကြီးအတုတွေကသာ ရှေ့ဆုံးက ဦးဆောင်လာတာပါ… ဒီကြားထဲမှာ ရောပြီးပါလာတဲ့ လူတွေရှိပါတယ်။ သူတို့စိတ်ထင် ဘုန်ကြီးတွေနဲ့ ပေါင်းထားတယ်။ ကတုံးတုန်းပြီး သင်္ဃန်းချုံထားတဲ့ ဘုန်းကြီးယောင်ဆောင် နိုင်ငံရေးသမားတွေကို လွတ်ပေးရမှာလား။ အဲဒီလူတွေက ဘုန်းကြီးတွေ သိက္ခာကို ချသွားကြတာ…။ မေတ္တာရပ်ခံတာလောက် အေးချမ်းတာ ဘာရှိမလဲ…။ ဗုဒ္ဓဘာသာတွေပဲ မေတ္တာတရားကို နားလည်ကြမှာပါ။ ဇွတ်ရှေ့တိုးလာတော့ နိုင်ငံတော်တာဝန်အတိုင်း အစိမ်းရောင်ဝတ်တွေ ဆောင်ရွက်ခဲ့ရတာပါ။ ကဲ…မိုးပေါ် ထောင်ပစ်တာလား တည့်တည့်ပစ်လိုက်တာလား ဆိုတာကတော့ ဂျပန်သတင်းထောက် တစ်ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်။ နောက်ဆုံး သာသနာထိန်းသိမ်းရေး အဖွဲ့အစည်းက ထိန်းသိမ်းတာတောင် မရတော့တဲ့ အဆင့်ရောက်လာတယ်လေ။ ဒါဟာ နိုင်ငံရေး ရောယှက်မှုတွေနဲ့ ဦးဆောင်သူတွေ မြှောက်ပင့်သူတွေမှာ နိုင်ငံရေးသမားတွေ ပါလာလို့ပဲ မဟုတ်လား။ ကျွန်တော်တို့ တောမှာဆိုရင် ဘာမှမလုပ်ဘူး။ ကျွန်တော်တို့ စစ်တပ်ထဲဆို ဘုန်းဘုန်းတွေ ဆွမ်းလာခံတယ်။ ကလေးသူငယ်တွေကို အမြဲတမ်း ဆုံးမတယ်။ တရားပွဲတွေ လုပ်ပေးကြတယ်။ ကျွန်တော်တို့ တပ်တွေက ကုသိုလ်တရား အားလုံး ဘုန်းကြီးကျောင်းတွေမှာ လုပ်တယ်။ ဆန္ဒပြမှု့အများဆုံး ဖြစ်တာမြို့ကြီး၊ ပြကြီး တွေပါပဲ… မြို့အတွင်းမှာ စစ်တပ် မရှိတော့ စစ်သားတွေရဲ့ ဘ၀ကို နားလည်မှု မပေးနိုင်ကြဘူး။ ကျွန်တော်တို့ နယ်တွေမှာတော့ တပ်မတော်နှင့် ပြည်သူ စည်းစည်းလုံးလုံးပဲ ပြည်သူတွေက ကျွန်တော်တို့ ဘ၀တွေကို နားလည်စာနာတယ်။ ကျွန်တော်တို့ ရှေ့တန်းက ပြန်ဝင်လာပြီးဆိုရင် လမ်းမှာ ကြိုနေတဲ့ ပြည်သူတွေ သက်သေပဲ မဟုတ်လား…။ ခင်ဗျားတို့ အဲလိုခံစားဖူးသလား။ ဒါတွေဟာ ကျွန်တော်တို့တစ်တွေကို ပြည်သူတွေက ပေးနေတဲ့ ခွန်အားတွေပဲ မဟုတ်လား…။ ဒါကြောင့် ခင်ဗျားတို့တတွေဟာ ပြည်သူနဲ့အဝေး နိုင်ငံရဲ့အဝေးကို ရောက်ရှိသွားရတာပါပဲ။
စိတ်မကောင်းဆုံးအချက် တစ်ချက်ရှိတယ်… အင်တာနက် စာမျက်နှာမှာ တင်ထားတဲ့ ဓာတ်ပုံတွေပါ ထိပ်ဆုံးမှာ ဘုန်းကြီးတွေ ဆန္ဒပြနေတဲ့ပုံတွေ ရှိတဲ့ ဘလော့ပဲ ဖြစ်ပါတယ်။ အမှားသရုပ်ပြတွေပါ… မြတ်စွာဘုရားရဲ့ သားတော်တွေကို ယခုလို ပုံစံမျိုးနဲ့ မြင်ရဖို့မှ မဟုတ်တာ ဆရာတော်တရားတွေထဲမှာ နာရတာတော့… ၀ါကျွတ်ပြီး ရဟန်းတွေ တောထွက်ကြတဲ့၊ မြတ်စွာဘုရားကလည်း ဒီအတိုင်းဟောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပုတ်ခတ်ပြီး ရေးချင်ရေးပါ ဗုဒ္ဓဘာသာ သိက္ခာကျအောင် ဘုန်းကြီးပုံတွေ တင်ပြီးမဟုတ်တာတွေ ရေးနေတဲ့လူတွေ ရှောင်ကျဉ်ကြပါ။ ဒီလိုလူတွေကို လက်မခံသင့်ပါဘူး၊ အခုဟာက ရဟန်းတွေက ၀ိနည်းနဲ့နေနေတာ အခြားသော ရဟန်းတွေကို ဒီဓာတ်ပုံတွေက အမှားသရုပ်ပြနေပါတယ်။ ဘုန်းကြီးတွေကို ခုတုံးလုပ်ပြီး အောက်ကစာမျက်နှာတွေမှာ မကျေနပ်ချက်တွေနဲ့ အကောင်းမမြင်တဲ့ စာတွေပဲ အမြဲတမ်းတွေ့နေ မြင်နေရတာ စိတ်မကောင်းဖြစ်မိပါတယ်။ ပြင်နိုင်တာတွေကို ပြင်သင့်ပါတယ်။ တောထွက်ရမဲ့အစား ခင်ဗျားတို့ တင်ထားတဲ့ ဓာတ်ပုံတွေက ရန်ကုန်မြို့ အလယ်ခေါင်မှာ ဖြစ်နေတယ်။ မသင့်တော်တဲ့ အမြင်တွေကို ဘာလို့ဘလော့ထိပ်ဆုံးမှာ တင်ပြီးအရှက်ယူ နေရတာတုန်းဗျာ…။ ဒါကျွန်တော်တို့ ဗုဒ္ဓဘာသာကို စနစ်တကျ နာမည်ဖျက်နေကြတာပါ… တခြားဘာသာဝင်တွေ ကျွန်တော်တို့ ဗုဒ္ဓဘာသာကို တိုက်ခိုက်နေတာလည်း ဒီအချက်တွေနဲ့ ယခုလိုမဟုတ်မမှန် တင်ပြထားတဲ့ ဂုဏ်မယူသင့်တဲ့ အများမတင့်တယ်တဲ့ လုပ်ရပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုဘလော့တွေ ရှိနေတယ်ဆိုတာ လူတိုင်းသိအောင် ဖော်ပြခြင်း ဖြစ်ပါတယ်။
နောက်တစ်ချက်က နိုင်ငံတိုင်းမှာ အခွန်ကောက်ခံခြင်းဆိုတာ ရှိပါတယ်။ အခွန်နဲ့ ပတ်သတ်ရင် အင်္ဂလန်ကိုတော့ မမှီနိုင်ပါဘူး။ ဒီအခွန်ပေးဆောင်ခြင်းကို ဘာလို့အမြင်စောင်းနေကြတာလဲ။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ပညာတော်သင်လို့ အမည်တပ်နေတဲ့ ခင်ဗျားတို့ ကျွန်တော်တို့တတွေ ကျောင်းအပ်တဲ့ အချိန်မှာ ကျောင်းလခပေးဆောင် ရတာပဲလေ။ ဒါရော အခွန်သဘောပဲ မဟုတ်လား။ နိုင်ငံခြားမှာ မြန်မာငွေ သိန်းပေါင်းများစွာ ပေးပြီးခင်ဗျားတို့ ကျောင်းလခ တစ်လခြင်း ပေးဆောင်နိုင်သေးတာပဲ။ ကိုယ့်မြန်မာနိုင်ငံ အတွက် နိုင်ငံတော်တာဝန် ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေအတွက် ပေးဆောင်ရမည့် ငွေပမာဏကို ဘာကြောင့် နှမြောတွန့်တို နေကြရတာလဲ။ အဲဒီငွေသည် ခင်ဗျားတို့ ကျောင်းအပ်တဲ့လခနဲ့ အစပေါင်းများစွာ ကွာခြားနေလိမ့်မယ်။ တစ်ချို့သော သူများသည် မိဘချမ်းသာမှုကြောင့် နိုင်ငံခြားမှာ ကျောင်းတက်ကြတယ်။ မြန်မာနိုင်ငံက မိဘတွေက ကုန်ကျစရိတ်ကို ထုတ်ပေးကြတယ်။ မထုတ်ပေးဘူး မထင်ပါနဲ့ ထုတ်ပေးတဲ့လူတွေ ရှိရင် ဒီဘလော့ကို ဖတ်မိတဲ့အခါ သူတို့နားလည်ကြမှာပါ။ ဒါကြောင့် သူများနိုင်ငံကို ပေးဆောင်နေရသော ငွေကြေးမြောက်များစွာထက် မြန်မာနိုင်ငံအတွက် ပေးဆောင်ရသည့် ငွေကြေးပမာဏ အနည်းငယ်ကို အပြစ်ပြောသင့် မပြောသင့်ဆိုတာ စဉ်းစားစရာ ဖြစ်လာလိမ့်မယ်။
ခင်ဗျားတို့ပြောတဲ့ အစိမ်းရောင် ၀တ်တဲ့စစ်တပ်က အခွန်တွေကို သူတို့မပေးရတိုင်း ကောက်ခံနေပါသည်။ ဒါကိုလည်း နိုင်ငံခြားသတင်း ဌာနတွေကို ရောက်အောင်မပို့ဘူးလို့ ပြောနေကြတယ်။ ဒီသတင်းကို လုံးဝကန့်ကွက်ပါတယ်။ ခင်ဗျားတို့ နည်းမျိုးစုံနဲ့ နိုင်ငံတကာက လူတွေကို အကူအညီတောင်းခံ နေတာကျတော့ ဘယ်နားမှာသွားထားမလဲ။ ကျွန်တော်တို့ မြင်ထားတဲ့ မြင်ကွင်းတွေနဲ့ ခင်ဗျားတို့ ဂုဏ်ယူပြီး တင်ပြထားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယို မှတ်တမ်းတွေက နိုင်ငံခြားသတင်း ဌာနတွေက လုပ်တယ်လို့ ပြောလို့ မရနိုင်ပါဘူး ဆိုတော့ မည်သူတွေက လုပ်နေမှာလဲ…။ ဆက်ပြောပါအုံးမယ်…. သက်ဆိုင်တဲ့ နိုင်ငံခြားသံရုံးရှေ့ မှာကိုယ့်နိုင်ငံ သိက္ခာကျအောင် အမြဲတမ်း ပုံပျက်ပန်းပျက် ဆန္ဒပြနေတာတွေက တစ်ကမ္ဘာလုံးကို ပြသတာ မဟုတ်လို့… အင်္ဂါဂြိုလ်ကို ပြသနေတာလား…။ youtube မှာအကုန်တင်ထားပါတယ်။ စိတ်ဓာတ်တွေနဲ့ လုပ်ရပ်တွေကို ကြည့်ရှုနိုင်ပါတယ်။
မြန်မာနိုင်ငံရေးနဲ့ ပတ်သတ်လို့ အမြဲတမ်း ဖော်ထုတ်နေတဲ့ ဆိုဒ်တွေ၊ သတင်းဌာနတွေ အများကြီးရှိနေပါတယ်။ ကောင်းတာလုပ်လုပ်၊ မကောင်းတာလုပ်လုပ် အားလုံးကို အမြဲတမ်း အပြစ်ပြောဖို့ ထိုင်စောင့်နေတဲ့ သတင်းဌာနတွေ အများကြီး ရှိပါတယ်။ ခင်ဗျားအနေနဲ့ ဒါတွေကို မသိလို့ Comment ပေးသွားတယ်လို့ပဲ သတ်မှတ်ပေးပါ့မယ်။ တကယ်တော့ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်နိုင်ငံအတွင်း အလှတရားတွေနဲ့ သယံဇာတတွေကို ဖော်ထုတ်ပြီး အကောင်းရေးတဲ့ လူတွေဆိုတာ မရှိသလောက် ရှားပါးနေပါပြီး။ ဒါဟာ ၀မ်းနည်းစရာ ကောင်းလွန်းပါတယ်။ အင်တာနက် စာမျက်နှာမှာ မြန်မာနိုင်ငံက မကောင်းတဲ့သတင်းတွေ အစာရေစာငတ်ပြတ်တဲ့ နေရာတွေ လူတွေကို အင်တာဗျူးလုပ်၊ ဓာတ်ပုံတွေ ယူပြီး ဘယ်နေရာမှာတော့ အခုလိုသနားကောင်းနေပါတယ်လို့ ကမ္ဘာ့ကုလသမ္မဂ သိအောင် ဖော်ပြနေခြင်းပဲ မဟုတ်လားဗျာ…။ အဆိုးနဲ့အကောင်းဆိုတာ နေရာတိုင်းမှာ အမြဲတမ်း ဒွန်တွဲနေပါတယ်။ အပြစ်ပဲ မြင်တတ်တဲ့ လူအနေနဲ့ အကောင်းမြင်ဖို့ တော်တော်ကို ပြုပြင်ရလိမ့်မယ်လို့ ထင်ပါတယ်။
အခွန်ကိစ္စနဲ့ပတ်သတ်ပြီး ထပ်ပြောချင်တာက ပြည်သူထဲက ပေါက်ဖွားလာတဲ့ ကျွန်တော်တို့ စစ်မှုထမ်းတွေသည် အလုပ်မလုပ်ပဲ လစာထိုင်စားခဲ့တာ မဟုတ်ပါဘူး။ ခင်ဗျားတို့ ကျွန်တော်တို့ မမွေးခင်ကတည်းက တိုင်းပြည်မှာ စစ်တပ်ဆိုတာ ရှိနေပါတယ်။ တိုင်းပြည်ကြီး ငြိမ်းချမ်းဖို့အတွက် အသက်သွေးချွေးပေါင်းများစွာ ရင်းနှီမြှပ်နှံခဲ့ပြီးပါပြီ။ ဒါကိုအားလုံး နားလည်ကြမှာပါ။ ကျွန်တော်တို့ နယ်ဘက်တွေမှာ စစ်တပ်ကို လေးစားသမှုရှိကြတယ်။ ဒါဟာ အရမ်းကို လှိုက်လှဲပြူးဌာမှု ရှိတယ်လို့ ပြောရမှာပါ။ ကျွန်တော်တို့ဘက်ကလည်း ဒီလိုပြည်သူတွေကို အပြန်အလှန် လေးစားမှု ရှိပြီးသားပါ။ အခုချိန် ကျွန်တော်တို့ စစ်တပ်ထဲမှာ မရှိခဲ့ရင်လည်း ဒီစကားပဲ ပြောရမှာပါပဲ။ အပြန်အလှန် လေးစားမှုဆိုတာက လူ့ပတ်ဝန်းကျင်မှာ ရှိသင့်တဲ့ ကိစ္စတစ်ရပ်ပါ။ လူတွေက ခေါင်းစဉ်တွေတပ် ဘောင်တွေခတ်ပြီး အခုလိုလာပြောသွားတဲ့ အစိမ်းရောင် ၀တ်တဲ့စစ်တပ်နဲ့ ပြည်သူကြား ဆိုပြီး သွေးခွဲချင်တဲ့ စိတ်တွေက လုံးဝလုံးဝ မကောင်းတဲ့ အခြေမှာဘိလပ်မြေ မပါပဲ တည်ဆောက်ထားတဲ့ တိုက်အိမ်တစ်လုံးလိုပဲ ရေရှည်တည်တံ့ခိုင်မြဲဖို့ မလွယ်ကူတဲ့ ကိစ္စတစ်ရပ်ပါပဲ။
တိုင်းပြည်မှာ စစ်မှုထမ်းဆောင်နေတဲ့ လူတွေအားလုံးရဲ့ မိသားစုဝင်တွေသည် မြန်မာနိုင်ငံမှ ပြည်သူတွေပဲ ဖြစ်တယ်၊ သူတို့လည်း အခွန်ပေးဆောင် နေရပါတယ်။ ခင်ဗျားတို့ပဲ ပေးဆောင်နေရတယ် ထင်ပြီး၊ ဒီလူတွေ ငါတို့ပေးဆောင်ရတဲ့ ငွေတွေနဲ့ လုပ်ချင်တိုင်း လုပ်နေတာ မဟုတ်သလို၊ အိမ်မှာနေရင် မိဘက မုန့်ဖိုးပေးပါတယ်။ ခင်ဗျားအလုပ်လုပ်တဲ့ အချိန်မှာတော့ လုပ်အားခဆိုတာ ရှိလာပါတယ်။ ဒါက သတ်မှတ်ချက် တစ်ခုပါပဲ… ရသင့်ရထိုက်ပါတယ်။ ခင်ဗျားအိမ်မှာ ထိုင်နေပြီး အိမ်ကလခပေးဖို့ အစီစဉ် ရှိမှာမဟုတ်ဘူး။ ခင်ဗျားသာ မိဘဖြစ်ခဲ့ရင် အလုပ်မလုပ်တဲ့ လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို လခပေးထားမလား။ အလုပ်လုပ်မှ လုပ်အားခ ဆိုတာဖြစ်လာမှာပါ။ အလုပ်လုပ်မှ ရတဲ့ လုပ်အားခကိုပဲ ကျွန်တော်လိုချင်တယ်။ အစိမ်းပဲဝတ်ဝတ် ဘာအရောင်ပဲဝတ်ဝတ် အရောင်တွေက အဓိကမဟုတ်ဘူး လုပ်နေတဲ့ အလုပ်ကသာ အဓိက၊ ထားရှိတဲ့ စိတ်ထားတွေက အဓိက၊ ကြိုးစားအားထုတ်မှုတွေက အဓိကတွေပါ။ ဒီအပေါ်က ကျရောက်လာတဲ့ ခံစားခွင့်တွေကို သူပြန်ရရှိတာ ဘယ်လောက် အဓိပ္ပာယ်ရှိသလဲ။ ဘယ်လောက် အကျိုးရှိသလဲ…။ ခင်ဗျား အခုနိုင်ငံခြားမှာနေတယ်… ခင်ဗျားရသင့်တဲ့ လခကိုမပေးပဲ သိမ်းထားရင် ကြိုက်မလား စဉ်းစားကြည့်။ ဒါမှမဟုတ် မင်းရနေတဲ့ ပိုက်ဆံတွေက ငါတို့ရဲ့မျက်ရည်တွေပါလို့ ပြောရင် ခင်ဗျားကျေနပ်ပြီး နေနိုင်မလား။ နှုတ်သီးခေါင်းရှားပါးနဲ့ ကျွန်တော့်ကို ချက်ချင်းရန်တွေ့မှာ သေချာတယ် ဒါငါ့ရဲ့ရသင့်ရထိုက်တဲ့ အခွင့်အရေးကွ ဟုပြောဆိုပြီး ရန်ရှာနေမှာ အမှန်ပင်တည်း။
နောက်ဆုံးပြောချင်တာက ခင်ဗျားတို့ မကျေနပ်ရင်လည်း အကြောင်းမဟုတ်ပါဘူး၊ ပြည်သူတွေ ကြည်ညိုလေးစားရတဲ့ ဘုန်းကြီးတွေ ဆန္ဒပြတဲ့ ပုံတွေတင်ပြီး ခုတုံးမလုပ်ဖို့ အကြုံပြုချင်ပါတယ်။ နိုင်ငံရေးမှာ ဘာသာရေးတွေ မရောယှက်စေဖို့ ကျွန်တော်တို့ပြည်သူတွေမှာ တာဝန်ရှိနေကြောင်း၊ အထူးသဖြင့် အများအမြင်မှာ မတင့်တယ်သည့် ကိစ္စရပ်များနှင့် သာသနာထိန်းသိမ်းရေး အဖွဲ့မှတားမြစ်ချက်တွေကို ခင်ဗျားတို့ နိုင်ငံရေးကိစ္စတွေနဲ့ ဘုန်းဘုန်းတွေကို အခက်တွေ့စေရန် မလုပ်မိစေဖို့ ပြောချင်ပါတယ်။
အရေးအကြီးဆုံးကတော့ ခင်ဗျားတို့ လာပြောသွားတဲ့ Comment ကို တာဝန်ယူပါ။ ခင်ဗျားတို့ အမြင်တွေ လွဲမှားနေကြောင်းကို ပြန်လည်ရှင်းပြ ပေးထားပါတယ်။ အခွန်ကိစ္စကို နားလည်စေချင်တယ်။ အစိမ်းရောင်ဝတ် ထားတဲ့ တပ်မတော်သားတွေရဲ့ ဘ၀ကို နားလည်စေဖို့၊ ပြည်သူနဲ့တပ်မတော် ပူးပေါင်းဆောင်ရွက်မှုကို မလိုလားပဲ ကြားဖြတ် တိုက်ခိုက်ခြင်းများ ရှောင်ကျဉ်ကြဖို့နှင့် နိုင်ငံအတွက် အကျိုးမပြုချင် နေပါ(တိုင်းတပါးမှာ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ပြီး) နိုင်ငံကိုတော့ သွေးထိုးခြင်းနှင့် နိုင်ငံအတွက် ဖျက်လိုဖျက်စီးချင်တဲ့ စိတ်တွေကို လုပ်နေမယ်ဆိုရင် ခင်ဗျားတို့ရဲ့ အနာဂတ်ဟာ လှပမည်မဟုတ်ပေ… ဟိုးအရင် ပြောနေကြစကားအရ ပြောရမယ်ဆိုရင် လမင်းကို ခွေးဟောင်နေလို့ ကတော့ ဟောင်နေတဲ့ ခွေးသာ……..၊ လမင်းကတော့ ထွန်းမြဲထွန်းလင်းနေမှာပါ ဟုဆန္ဒပြုရင်း ကိုယ့်လုပ်နေတဲ့ အလုပ်အတွက် ရရှိနေတဲ့ ငွေကြေးပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကြိုးစားအားထုတ်မှုဖြင့် ရလာတဲ့ လုပ်အားခ လစာသည် မည်သူ့ပိုက်ဆံမှ မဟုတ်ပါ ကိုယ့်အတွက် ရသင့်ရထိုက်တဲ့ ပိုက်ဆံဖြစ်ပြီး သန့်ရှင်းစင်ကြယ်၍ တန်ဖိုးရှိနေပါအုံးမည် ဟု ဖော်ပြလိုက်ပါသည်…။
လေးစားစွာဖြင့်
စေလိုရာ

Author: စေလိုရာ
•9:26 AM

ပထမပို့စ်ရဲ့ နောက်မှာတော့ အထိနာတဲ့သူတွေ၊ ဖြစ်စဉ်တွေ အရမ်းမှန်နေတာကြောင့် မခံမရပ်နိုင်တဲ့သူတွေ၊ များပြားလာပြီး၊ ကျုပ်ကိုတိုက်ခိုက် လာပါတော့သည်။ အတိအလင်းပြောထားပါသည်… စာဖတ်တတ်ရင် လူတိုင်း တွေ့လိမ့်မယ်။ (ကျုပ်၏ဆန္ဒ၊သိပ်တွေ့ချင်နေလား) ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရေးထားတာ မြင်လား၊ တွေ့လား၊ ဖတ်လား၊ မမြင်ဘူး၊ မတွေ့ဘူး၊ မဖတ်ဘူး၊ ဆိုရင်တော့ ခင်ဗျားဒီနေရာကိုလည်း မလာသင့်ဘူး၊ လှပတဲ့စကားတွေနဲ့ လူအမြင်တင့်တယ်အောင် ကျုပ်ကိုလာ မပို့ချစမ်းပါနဲ့။ “မသိသူကျော်သွား သိသူဖော်စား” တဲ့ ခင်ဗျားပြောတဲ့ စကားလုံးတွေက မှုလတန်းကလေးကို ဆုံးမစကား၊ ချော့တစ်လှည့်၊ ခြောက်တစ်လှည့်လား။ ဒီခေတ်ကြီးမှာ ခင်ဗျားသားသမီးရလာရင် အဲလိုမျိုး ဆုံးမလိုက် လက်ခံမလား… လက်မခံဘူးလား ဆိုတာ…. ခင်ဗျားသားသမီးက ပြန်ပြောမဲ့ အကြောင်းပြချက်ကို စာအုပ်တစ်အုပ်နဲ့ ပြန်ရေးပြီး ကျုပ်ဆီပို့လိုက် စိစစ်ပေးမယ်။

ကိုယ်တစ်ယောက်ထဲ လူကြားကောင်းအောင် ပြောတတ်တယ် ထင်နေကြတဲ့ လူတွေကို လောကကြီးက ဆန်းကျယ်တဲ့အကြောင်း သင်ခန်းစာ ပို့ချပေးနေတာကို ကျေးဇူးမတင် သတိမ၀င် လာလုပ်ပြမနေနဲ့…။ သိပ်မကြိုက်သေးဘူး… ခင်ဗျားရဲ့အရေးအသားနဲ့ ဒေါသကိုနောက်ထပ် နှစ်ဆလောက် ထပ်မြင့်လိုက်ဦး။ ဆရာကြီးလာမလုပ်ပါနဲ့… ခင်ဗျားမှာစိတ်ထားကောင်းတွေ ရှိနေရင် ဒါမှမဟုတ် နာကြီးချက်တွေ ရှိနေရင် ကျုပ်ကိုလာမပြောနဲ့ ပို့စ်အရင်ဆုံး ရေးပြီးပို့ချလိုက်တဲ့ လူကိုသွားပြော။အောင်ပွဲခံတဲ့ အချိန်ကျတော့ ခင်ဗျားတို့အသံတွေ ဘယ်ရောက်နေတာလဲ… ရုရှားကိုအပြစ်တင် ဝေဖန်ပြီးရေးတုန်းက ခင်ဗျားတို့တွေ ကာကွယ်ပြီးတော့ ပြောပေးတာရှိလာ။ ၀ိုင်းသုတ်ဖို့ကို ချောင်နေပြီး၊ အကွက်ဝင်တော့ ၀ိုင်းဖဲကြတယ်။ ကျရှုံးခန်းရောက်မှ တရားသဘောနဲ့ မရှုခိုင်းနဲ့လေ… အရင်ရေးတာတွေ နောက်ရေးတာတွေ လာမပြောနဲ့။ မဖြစ်ချင်ရင် ဒီလိုမဖော်စေချင်ရင် လူတွင်ကျယ်မလုပ်နဲ့ပေါ့…” ကိုယ်မှန်တယ်ထင်ရင် ငြိမ်နေလိုက်ပေါ့တဲ့… ပြောတဲ့စကားလေးတွေက တော်တော်နားထောင်လို့ ကောင်းတယ်။ ကျုပ်…ခင်ဗျားတို့ရဲ့ စကားကြားရတာ အရမ်းနားခါးတယ်။ ကိုယ်မှန်နေတာပဲ ငြိမ်နေရမယ်ဆိုရင် အမှန်အတိုင်းကို ဖော်ပြနိုင်တဲ့လူတွေ အမှန်တရားမြင်တဲ့ လူတွေရှိမှာမဟုတ်ဘူး။ အမှားလုပ်တဲ့လူတွေ လောကကြီးကို ပိုင်ဆိုင်နေကြပါပြီး။ အမှောင်လောကမှာ ရောက်နေတဲ့လူတွေက ကောင်းတဲ့လူတွေ ဖြစ်ကုန်မယ်ဆိုတာ နားမလည်ကြဘူးလား။ ဒါဆိုထပ်ပြောမယ်… ခင်ဗျားတို့ပြောသလို စိတ်တွေတကယ် ရှိနေတယ်ဆိုရင် ဒီနေရာလေးကို လာပြီးဘာလို့ လာဆဲကြတာလဲ။ ကိုယ့်လူ… ခင်ဗျားကို တစ်ခု ကောင်းကောင်းပြောမယ်၊ ကျုပ်ဆီကို ပုတ်ခတ်တဲ့ Email တွေ ၀င်မလာရင် ဘာမှမဖြစ်ဘူး။ ခင်ဗျားအနေနဲ့ ကျုပ်ရေးတာကို လွန်တယ်ပေါ့ ဟုတ်လား… မှတ်ထား ငါ့ညီ မင်းအကိုက မလုပ်ရင် မလုပ်ဘူး လုပ်ရင်လည်း စေလိုရာ ဆိုတဲ့အတိုင်း အလိုရှိရာပဲ။

Cbox မှာ အရင်ဆုံးလာရေးသွားတဲ့ လူတစ်ယောက် ရှိပါတယ်။ နာမည်မဖော်ပြတော့ပါဘူး။ “ကိုယ့်အကြောင်း ကိုယ်သိလိမ့်မယ်” ခင်ဗျား ဘာကောင်လဲဆိုတာ ကျုပ်မသိဘူး၊ သိလည်း မသိချင်ဘူး၊ ဘာတဲ့ကျုပ်ကို Mail ပို့လိုက်ပါတဲ့… စင်္ကာပူ(၁၂) နာရီထိ ရှိနေတယ် ဟုတ်လား… ဆိုးတာက ညီလေးရေ…. ကျုပ်သူများခိုင်းတာကို ယုံလွယ်ပြီး လုပ်တတ်တဲ့စိတ် မရှိဘူး။ ပထမပို့စ်မှာကတည်းက သက်ဆိုင်တဲ့ လူတွေနာနိုင်တယ်။ ကိုယ်မဟုတ်ရင် ဘေးကစာနာသလို လာလုပ်ပြမနေနဲ့။ ကျုပ်တို့သူငယ်ချင်းတွေ မိတ်ဆွေတွေအတွက် ကိုယ့်အသိစိတ်ဓာတ်ဖြင့် လုပ်သင့် လုပ်ထိုက်တာကို လုပ်နေတယ်။ ခင်ဗျားလို သူများခိုင်းတိုင်း လိုက်လုပ်နေတဲ့လူ မဟုတ်ဘူး။ အခုရော ဒီဆိုဒ်ကို လာဖို့၊ နိုင်အောင် သွားပြောလို့ ခိုင်းလိုက်တဲ့ လူများရှိလို့လား။ Sorry ပါဗျာ… ခင်ဗျားကို အခက်တွေ့အောင် လုပ်ခဲ့လျှင်ပေါ့။ တစ်ခုပြောပြမယ်… ဘယ်လောက် အပြေးသန်တဲ့ မြင်းပဲဖြစ်ဖြစ် ခွာလိပ်သွားတဲ့အချိန်မှာ ကျန်တဲ့ အပြေးမသန်တဲ့ မြင်းကိုပါ ရှုံးနိုင်တယ်။ ကိုယ့်ကိုကိုယ် အထင်သိပ်ကြီးမနေနဲ့ “မြင်းကောင်း ခွာလိပ်” တဲ့ ဟုတ်ပြီးလား။ အဲလိုမဖြစ်အောင် နေထိုင်ပါ။ ခင်ဗျားအဆင့်အတန်းရှိတယ်၊ ခင်ဗျားဟာ မြင်းကောင်း တစ်ကောင်ဆိုရင် ခွာမလိပ်အောင် ကြိုးစားထားပါ။

နောက်တစ်ချက် ထပ်ပြောပါအုံးမယ်… ဟိုးအရင်တုန်းက ကိစ္စတစ်ရပ်ပါ။ ရွှေဝါရောင်တော်လှန်ရေး ဆိုပြီး ခင်ဗျားတို့ နာမည်တပ် ပုံဖော်ထားမှုတွေက ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး။ ခင်ဗျားတို့ရဲ့ စိတ်ထားတွေကို ဖော်ပြခဲ့တာလည်း အဲဒီအချိန်ကာလပဲ၊ အင်တာနက်မှာ တွေ့ကြတယ် စကားပြောရင် အဲဒီအကြောင်းမပါရင် မပြီးကြဘူး။ ဘုန်းကြီးတွေကို သတ်တာ နင်တို့မင်းတို့တွေတဲ့… ဟုတ်ပြီး၊ ငါတို့တွေလို ပြောရအောင် ငါတို့အကြောင်း ဘယ်လောက်သိသလဲ… ပြန်မေးလိုက်တယ်။ မသိဘူး၊ သိတာတစ်ခုက နင်တို့မင်းတို့တွေ သတ်တယ်တဲ့။ ရယ်ရတယ်ဗျာ… စာအုပ်ယူပြီး သေချာမှတ်ထားလိုက်၊ အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့ပြောတဲ့ ရွှေဝါရောင်တော်လှန်ရေး ဟုတ်လား… အေး…အဲဒီချိန်မှာ ရုရှားမှာ ရှိနေတဲ့လူတွေကို ဘာလို့ခလုတ်တိုက် နေတာလဲ။ မဆီမဆိုင်တွေ ဆွဲထည့်ပြီး ခင်ဗျားတို့ အမြင်တစ်ဘက်နဲ့ လာတိုက်ခိုက်တယ်။ အဲဒီတုန်းကလဲ အရှက်တွေဗြန်းဗြန်းကွဲ တာပဲမဟုတ်လား။ ပြန်စဉ်းစားကြည့်ကြလေ… ဘာဆိုင်လို့လဲ… ခင်ဗျားတို့ကို မကျေနပ်တာတွေက အဲဒီအကြောင်းတွေလည်း ပါတယ်။ ရုရှားရောက်ကိုကိုတွေ မကောင်းရအောင် ခင်ဗျားတို့မစစ်မှန်တဲ့ ဆန္ဒပြနေတဲ့အချိန် ထိုလူတွေက ရှိနေလို့လား၊ ဘာမှမသိကြဘူး မဟုတ်လား။ ပြောချင်တာကို ဇွတ်ပြောကြတယ်။ ထို့အပြင် လာပြီးစည်းရုံးလိုက်သေးတယ်၊ ရုရှားရောက်တပ်မတော်တွေပါ အားလုံးဝိုင်းဝန်းပြီး တိုက်ခိုက်ကြစို့တဲ့၊ တပ်မတော်သားတွေပါ ပါဝင်လာသော ကြောင့် အရေးတော်ပုံ အောင်ရမယ်တဲ့။ လုပ်ပုံက ကောင်းလိုက်တာ…လူ…လေးငါးယောက်နဲ့ ဒီဘက်က မေးလိုက် ဟိုဘက်က ပြန်ဖြေ၊ ဘေးကလူတွေက ထောက်ခံ၊ လက်ခုပ်ဝိုင်းတီး လုပ်ကြံဇာတ်တွေ ခင်းပြီးတော့ လေလှိုင်းပေါ်မှာ လွင့်နေတာတွေကို ကျန်တဲ့လူတွေက မသိကြတာကိုး…” “VOA,BBC ရန်တိုက်ပေးနေသည်။ RFA,DVB သွေးထိုးနေသည် ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံများ နားမယောင်လေနဲ့ သတိထား” ကြဆိုတာ သတင်းစာတွေထဲမှာ နေ့စဉ်သတိပေးထားပါတယ်။

အခုကျုပ်ဆိုဒ်ကို နိုင်ငံရေးပတ်သတ်မှုတွေ လာရေးတဲ့လူတွေကို တစ်ခုလောက်မေးပါအုံးမယ်။ ခင်ဗျားမပြောနဲ့ ခင်ဗျားထက် ကြီးတဲ့လူတွေ အိုလို့ သေတောင်သေကုန်ကြပြီး သူတို့လက်ထက်တုန်းကလည်း အရေးတော်ပုံ အောင်ရမယ် အောင်ရမယ်လို့ အမြဲတမ်း လုပ်တတ်ကြတယ်။ ဘယ်နှခါ အောင်မြင်ခဲ့သလဲ… မေးကြည့်လိုက်ပါ။ အဲလိုပဲ အမြဲတမ်း “နိုင်ငံရေးစိတ်မ၀င်စားတဲ့ ပြည်သူတွေကို စည်းရုံးဟိုအော်ဒီအော် လုပ်ကြတယ်။ နောက်ဆုံးတော့လည်း ပါဝင်တဲ့လူတွေ ဘာဖြစ်လဲ။ ဘ၀ပျက်မကုန်ဘူးလား…. သူ့ဟာသူ အေးရာအေးကြောင်း လုပ်ကိုင်စားသောက်နေတာ အကောင်း ခင်ဗျားတို့လုပ်လို့ ဟိုနိုင်ငံပြေး ဒီနိုင်ငံပြေးနဲ့ ကုန်းဆင်းမှာ ဘီး တပ်ပေးလိုက်သလိုပဲ” ခင်ဗျားတို့ကို ကျုပ်ဘာမှမပြောချင်ဘူး… စစမလာကြနဲ့… www.sayloyarone.blogspot.com သည် နိုင်ငံရေးလုပ်နေသည့် ဆိုဒ်မဟုတ်ပါဘူး။ နိုင်ငံရေး လုပ်ဖို့ပေါ်ထွက်လာခြင်းလည်း မဟုတ်ဘူး။ “အသားလိုလို့ အရိုးတောင်း လာတဲ့ လူတွေကို ဘာတစ်ခုမှ မရအောင် လုပ်ပေးဖို့ပဲ ရှိပါတယ်။”

ထို့ကြောင့် ဤဆိုဒ်မှာ ခင်ဗျားတို့လိုချင်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်ကို ဆွဲမတင်ရန် တားမြစ်သည်။ အခြေအနေအရ အကုန်လုံး ကျုပ်လုပ်နိုင်ပါသည်။ လောကမှာ ပြောင်းလွယ်ပြင်လွယ် ရှိတတ်ပါတယ်။ “အခုဖြစ်နေတာက စကားအရမနိုင်ရင် နောက်ဆုံးဘာမှမဆိုင်တဲ့ နိုင်ငံရေးပေါ်လစီကို ပြောကြတယ်။ မိုက်မိုက်ရိုင်းရိုင်း စကားလုံးတွေနဲ့ ဆဲလာကြတယ်။ အဲလိုဆဲတဲ့လူတွေကို နိုင်ငံရေးသမား ဟုခေါ်တာလား၊ နိုင်ငံအတွက် ဒီမိုကရေစီအတွက် လုပ်နေတဲ့ လူတွေလို့ ခေါ်ရမှာလား။ ကျုပ်သာခင်ဗျားတို့ စည်းရုံးတဲ့လူတွေထဲ ပါခဲ့ရင် ခင်ဗျားတို့ကို ဦးစီးတဲ့ ခေါင်းဆောင်၊ ခေါင်းပါရှောင်သွားစေရမယ်။” ကိုယ့်အကြောင်း ကိုယ်သိပါ ဆိုလိုရင်းတွေကို နားလည်နိုင်ကြပါစေ။ နိုင်ငံရေးနဲ့မဆိုင်တဲ့ နောက်တစ်ချက်က ဗုဒ္ဓဘာသာကို စော်ကားထားတဲ့ ဆိုဒ်တွေရှိပါတယ်။ ဒါတွေကိုလည်း ခင်ဗျားတို့ ရုရှားကကိုကိုတွေ ရေးပါတယ်တဲ့… နိုင်ငံရေးအရလုပ်တာ မအောင်မြင်တော့ တခါဘာသာရေးနဲ့ ရုရှားရောက်လူတွေကို ထပ်ပြီးပြည်သူတွေ အထင်မှားအောင် တိုက်ပေးကြတယ်။ ရုရှားကလို့ ပြောရအောင် အားလုံးကဗုဒ္ဓဘာသာတွေ၊ ဗုဒ္ဓဘာသာကို ပုတ်ခတ်ရေးသားတဲ့လူက မှုဆလင်လူမျိုး မဟုတ်လား။ ကဲ…ခင်ဗျားတို့ရဲ့ အထင်အမြင်တွေ ဘယ်လောက်ထိ လွဲနေသလဲ၊ “ဗုဒ္ဓဘာသာကို ကိုးကွယ်နေတဲ့ လူတွေကိုပါ အထင်သေးအမြင်သေးပြီး ကိုယ့်ဘာသာထဲက လူတွေကို တခြားဘာသာတွေ အထင်သေးစေရန်၊ ကိုယ့်ဘာသာဝင်စစ်စစ်တွေကို တခြားဘာသာဖြစ်အောင် ပို့ဆောင်စေချင်တဲ့ စိတ်ဓာတ်တွေ ရှိတဲ့လူတွေက နိုင်ငံရေးသမားတွေလား… မနာနဲ့…ခင်ဗျားတို့ လာလာစွပ်စွဲလို့ ကျုပ်ပြောရတာ… သိပ်ပြောချင်နေလို့တော့ မထင်နဲ့။” ဗုဒ္ဓဘာသာတွေက ကိုယ့်ဘာသာ မကောင်းကြောင်း ရေးမလား။ ခင်ဗျားတို့စိတ်နဲ့ နှိုင်းရင် ရိုင်းကုန်လိမ့်မယ်။ တစ်ချို့လူတွေက ရှိသေးတယ်…. ဒီလိုအကျိုးမရှိတဲ့ စာတွေကို ရေးနေမဲ့အစား ဗုဒ္ဓဘာသာကို စော်ကားထားတဲ့ ဆိုဒ်တွေကို ပြန်ချေပကြပါလား…(ေ_ာက်အရေမရ အဖတ်မရတဲ့ အလုပ်တွေ လုပ်နေကြတယ်တဲ့) ခင်ဗျားတို့ အဲဒီလိုကောင်းတာတွေ လုပ်ချင်နေမှတော့ ခင်ဗျားလည်း ဗုဒ္ဓဘာသာပဲ မလုပ်နိုင်ဘူးလား… ဘာလို့သူများပြောနေမှာလဲ ကိုယ်တိုင်လုပ်လိုက်ပါလား။ ကုသိုလ်တောင် ရသေးတယ်ဗျာ။ ဘာကြောင့်များ ကိုယ့်ဝါသနာအရ ဘလော့ရေးနေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အပြစ်လိုက်တင်နေတာလဲ။

ဗုဒ္ဓဘာသာဆိုတာ ဆန်းကျယ်တယ်… မှားလို့မဖြစ်ဘူး၊ သူများဘာသာတွေနဲ့ မတူဘူး၊ ကိုယ်ကမခံနိုင်လို့ ရေးတယ်ထားပါအုံး အမှားတစ်စုံတစ်ခု ပါသွားခဲ့ရင် ဖတ်တဲ့သူက မသိပဲလိုက်လုပ်မိရင် ခင်ဗျားငရဲကြီးမှာ မဟုတ်ဘူး။ ရေးတဲ့လူက အကုသိုလ်ဖြစ်ရမယ်။ ကျုပ်အရမ်းသိ အရမ်းတော်နေလို့ကတော့ ခင်ဗျားပြောစရာကို မလိုဘူး။ ချေပလိုက်တာ ကြာပေါ့။ ခင်ဗျားလို ဘလော့ဂါတွေကို တရားအကြောင်း မရေးနိုင်လို့ အပြစ်လိုက်တင်မနေဘူး။ ဗုဒ္ဓဘာသာကို ယုံကြည်လို့ ကိုယ့်ဘာသာကို လေးစားကြလို့ မှုဆလင်တွေလို ဗုဒ္ဓဘာသာ မကောင်းကြောင်းရေးတဲ့ လူတွေကိုမတုန့်ပြန်တာပါ။ ဒီမှုဆလင်တွေနဲ့ အယူအဆလည်း မတူဘူး။ ဒီကောင်တွေ မကောင်းတာလုပ်ရင် မကောင်းတဲ့အတိုင်း ခံရမှာပဲ။ ငါတို့ဗုဒ္ဓဘာသာကို စော်ကားထားတာ ကျုပ်တို့လည်း ဘယ်ခံနိုင်မလဲ.... ဒီကောင်တွေ သူကံတရားအတိုင်း အကျိုးပေးကြမှာပါ။ သူတို့နဲ့ပြိုင်ရေးတော့ရော သူ့မှာငရဲဆိုတာ မရှိနိုင်ဘူး။ မိုက်မိုက်ရိုင်းရိုင်းပြောဖို့ကိုလဲ ၀န်လေးမှာမဟုတ်ဘူး။ နိုင်ငံခြားရောက်နေတဲ့ ဗုဒ္ဓဘာသာတွေ အများကြီးရှိပါတယ်။ ရုရှားကမှဘလော့ရေးတာ မဟုတ်ပါဘူး။ နိုင်ငံတကာမှာရှိတဲ့ ဗုဒ္ဓဘာသာတွေ အများကြီး ဘလော့ရေးကြတယ်။ ကိုယ့်ထက် အများကြီးသိတဲ့ လူတွေတောင် မရေးကြဘူး။ ဒါဟာ ရုရှားရောက်နေတဲ့ လူတွေရဲ့အပြစ်လား… အဲဒါအပြစ်မဟုတ်ဘူး လူတိုင်းကို အကုသိုလ်တွေ ခင်ဗျားဘုမသိဘမသိနဲ့ လိုက်ပြီးမပေးမိ ပါစေနဲ့ဗျာ…။ နိုင်ငံတကာမှာ ရောက်နေတဲ့ ဆရာတော်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့၊ ခင်ဗျားတို့လို လူတွေထက် ဆရာတော်တွေ သံဃာတော် အပေါင်းက ပိုပြီးသိမှာပါ။ ဗုဒ္ဓဘာသာကို စော်ကားထားတာကို ဖတ်ရမှာပါ။ “ခင်ဗျားအနေဖြင့် မခံနိုင်လွန်းလို့ ပြောတာကို လက်ခံလို့ရပေမဲ့… အားအားရှိ ရုရှားရောက်လူတွေကို အကောင်းမမြင်ပဲ လျှောက်ပြောမှတော့ ခင်ဗျားတို့လို လူတွေကိုလည်း ဘာမှအပြန်အလှန် လေးစားမှုဆိုတာ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ခင်ဗျားရဲ့ ဦးနှောက်ထဲကို ရိုက်သွင်းထားစေချင်တယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီ” ဖြစ်လာမှာမဟုတ်ဘူး။

ခင်ဗျားတို့ပြောတဲ့ ရွှေဝါရောင်တော်လှန်းရေးတုန်းက ရုရှားကလူတွေကို ဘယ်နှခါအကောင်း ပြောဖူးသလဲ ခင်ဗျားတို့ရဲ့ ဆရာ့၊ဆရာကြီးတွေကို မေးကြည့်လိုက်ပါဦး။ ဘယ်သူမှ အကောင်းမပြောကြဘူး…. ကျုပ်တို့အနေနဲ့က ဘာတစ်ခုမှကို ဂရုမစိုက်ခဲ့ဘူး။ နေရာမှန်နေတဲ့ အတွက် အခုလည်း စင်ပေါ်ကပဲ၊ မှားနေတဲ့လူတွေသာ ပုံမှန်၊နေရာမှန်မှာ မနေနိုင်မသွားနိုင်ကြတာပါ။ ဘုန်းကြီးတွေကို သတ်တာနင်တို့၊ မင်းတို့ပါလို့ ရုရှားကလူတွေကို အပြစ်တင်နေတဲ့လူတွေ အခုဗုဒ္ဓဘာသာကို ပုတ်ခတ်တဲ့ စာတွေကို ပိုပြီးမချေပသင့်ဘူးလား… ဘယ်ရောက်နေကြသလဲ… ဘာတွေလုပ်နေကြသလဲ… သူများယောင်လို့ လိုက်ယောင် ဒီကောင်တွေပဲ အဲဒီရုရှားကလူတွေကို ကစ်ကစ် ဆိုတာနဲ့ လာလာကစ်ကြတယ်။ အခုဘာလုပ်မလဲ… လုပ်ကြလေ… ဘာလုပ်နိုင်ကြသလဲ… အသုံးမှမကျတာ ဘာလုပ်နိုင်မှာလဲ။ ရုရှားကလူတွေကို မကောင်းကြောင်း ပြောမယ်၊ မနိုင်ရင် ဆဲ ဆိုဖို့က လွဲရင် ဘာလုပ်တတ်ကြသလဲ။ ဒီတော့ စေလိုရာသို့ ရောက်လာပြီး (ေ_ာက်ရှုး၊ အဓိပ္ပာယ် မရှိတဲ့စာတွေ ရေးတယ်၊ အချိန်ကုန်ခံလို့ကွာတဲ့) အထိနာနေ တာမဟုတ်လား။ ဘာမှကျုပ်ကို လာမပြောနဲ့။ “ခင်ဗျားတို့ ပြောနေတဲ့ စကားတွေကပဲ ကျုပ်လက်ကို ဘောပင် နှင့် ကွန်ပျူတာ ကီဘုတ် ကိုင်ဆောင် စေရန်သာ ဖြစ်လာရတာပါ။”

ရုရှားကလူတွေကို တစ်ခါမှ အကောင်းမပြောတဲ့ လူတွေခင်ဗျားတို့ ကောင်းကြောင်း ဒီမိုကရေစီလုပ်နေတဲ့ လူတွေသိအောင်၊ ခင်ဗျားတို့အပေါ် ယုံကြည်မှု သိသိသာသာကြီး ဖြစ်အောင် ခင်ဗျားတို့ ဗုဒ္ဓဘာသာ မကောင်းကြောင်းရေးတဲ့ ဆိုဒ်ကို ချေပရန် ကျွန်တော့်ကို တိုက်တွန်းသင့်သလား မတိုက်တွန်းပဲ ငါတို့အသိစိတ်ဖြင့် လုပ်မလားဆိုတာ သေချာစဉ်းစားကြအုံး။ ကျွန်တော်စာတွေဖတ်ရတယ်၊ မေးတွေဖတ်ရတယ်၊ အဲဒီထဲမှာ ခင်ဗျားတို့ပြောတဲ့ ဘယ်နေ့၊ဘယ်ရက် မှာဘယ်လို ဆန္ဒပြမယ်။ ဒီတစ်ခါက ဘယ်သူပါ ပါဝင်ပူးပေါင်းလာပြီး၊ ဒီတစ်ကြိမ်က အသေအချာပဲတဲ့၊ အပြောကတော့ ယုံချင်စရာ၊ စာဖတ်လိုက်တာနဲ့ တကယ်ဖြစ်လာတော့မဲ့အတိုင်း… နောက်တော့လည်း မကောင်းတာလုပ်နေတဲ့ လူတွေကို လောကကြီးက အမြဲတမ်းဒဏ်ခတ်တယ်၊ အလင်းနဲ့အမှောင် အဖြူနဲ့အမည်း မတူကြတာကို နားလည်ထား စေချင်တယ်။ နောက်ဆုံးတော့လည်း ပြည်သူတွေက အယုံအကြည်တွေပျက် လာရတာပေါ့ဗျာ…။ ဒီအယုံအကြည်ပျက်မှုတွေက ခင်ဗျားတို့ နိုင်ငံရေးသမားတွေကို အခုချိန်မှ မဟုတ်ဘူးနော်… ခင်ဗျားတို့ “မြန်မာနိုင်ငံမှ ထွက်ပြေးတဲ့အချိန်မှာ ထိုင်းနိုင်ငံကို ရောက်ရော ခင်ဗျားတို့ကို ထောက်ပံ့တဲ့ ခင်ဗျားတို့ရဲ့ သူငယ်ချင်းတွေ အဖွဲ့ဝင်တွေ အစားအသောက်တွေ၊ ဖြတ်ပစ်လိုက်တာတဲ့ သာဓကတွေ မိုက်လုံးကြီးပြီး ဆက်လုပ်နေတဲ့ လူတွေရဲ့အကျင့်စရိုက် အားလုံးကို ဖော်ထုတ်နိုင်တဲ့လူတွေ ရှိနေသေးတယ်ဆိုတာကို မမေ့စေချင်ဘူး… ထိုင်းနိုင်ငံမှာ အဖြစ်အပျက်ပေါင်းများစွာဖြင့် တခြားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ပြီး ယခုလက်ရှိအချိန်ထိ နိုင်ငံရေးလုပ်နေတဲ့ ဒီမိုကရေစီသမား ဟုအမည်တပ် လူကောင်းလိုလို ဟန်ဆောင်ပြီး ဆရာကြီးတွေ ဖြစ်နေတဲ့ ခင်ဗျားတို့ရဲ့ လူတွေကို သေချာပြန်မေးကြည့်လိုက်ပါ။ အဲလိုဖြစ်စဉ်တွေ ရှိခဲ့ဖူးလားလို့…။” ကျုပ်တို့က တရားနာတယ်၊ ဆရာတော်ရဲ့ အဆုံးအမတွေကို နားထောင်တာပဲ ရှိတယ်။ အဲဒီမှုဆလင်တွေက ကျွန်တော်တို့ ဘာသာကိုမှ မဟုတ်ဘူး၊ ခရစ်ယာန်ဘာသာကိုလည်း မကောင်းကြောင်း ရေးတယ်။ သူတို့က ရေးရတာ လွယ်မှာပေါ့ မကောင်းကြောင်းကိုဗျ၊ ကျွန်တော်တို့က အကောင်းမြင်ခြင်းနှင့် အမှန်ဘက်က ပြန်ရေးရမယ်လေ၊ ဒီတော့ အများကြီး စဉ်းစားရတယ်။ အခုလို ဖြစ်စဉ်တွေအပေါ် သုံးသပ်မိတာတစ်ခုရှိတယ်။ ခင်ဗျားတို့တွေက ကျုပ်တို့ကို အပြစ်မဖြစ် ဖြစ်အောင် ဒီမှုဆလင်တွေကို ချေပခိုင်းသလိုလိုနဲ့ တကယ်ကျွန်တော်တို့ ရေးလည်းရေးရော ရုရှားကဆို ဘယ်နေရာမှားနေသလဲ အပြစ်ရှာကြမယ်။ ပြီးရင်…ဒီကောင်တွေ ဘာကောင်တွေပါလို့ ခင်ဗျားတို့ အမြဲတမ်း ပြောတက်လွန်းလို့ ကျုပ်တို့အပြင် ဘယ်သူမှအယုံအကြည် မရှိတော့လို့ ခင်ဗျားတို့တောင် ပြည်ပမှာ ခိုးကြောင်ခိုးဝှက်နဲ့ နေနေကြတာပဲ မဟုတ်လား…။ ဒီစာတွေရေးလို့ နာနိုင်တယ်… ဒီစာတွေ ဖြစ်အောင်လည်း ခင်ဗျားတို့ လာလာပြောတဲ့ စာတွေ၊ စကားလုံးတွေ ကြောင့်ပဲ ဆိုတာ အားလုံးမြင်အောင် ချပြလိုက်တာပဲ…။

“ကိုယ်စိုက်ထားတဲ့ အပင်ကြီးထွားစေဖို့ ပေါင်းရှင်းတဲ့အခါ မလိုတဲ့မြက်ပင်တွေကို ရှင်းလင်းပေးရမည်၊ အပင်ကို ဖျက်စီးချင်နေတဲ့ ပိုးကောင်တွေ၊ အပင်ကိုဖျက်စီးနေတဲ့ ပိုးကောင်ကြီးတွေကို ပိုးသတ်ဆေးတွေနဲ့ သုတ်သင် ရှင်းလင်းပစ်ရမည်။ မလိုတာတွေ ရှင်းလင်းသွားမှ အပင်ကြီးထွားဖို့ အတွက် အင်အားကြီးမားပြီး အသီးထွက်နှုန်းကောင်းအောင် လုပ်ဆောင်ရမည်….။ နောက်ဆုံးတော့ ဒီအသီးအနှံတွေသည် လူတွေဗိုက်ကို ပြည့်ဝစေပြီး တန်းဖိုးရှိတဲ့ အပင်တွေအတွက် မလိုတဲ့ မြက်ပင်တွေ၊ ပိုးကောင်တွေကို ဖယ်ရှားဖို့အတွက် အားလုံးရဲ့ အလုပ်တစ်ရပ် ဖြစ်လာခဲ့ပါတော့သည်….။” ဒီပို့စ်နှင့်ပတ်သတ်ပြီး တိုက်ဆိုင်သူများအတွက် ဖြစ်ပါသည်။ မိမိနှင့်မသက်ဆိုင်သူများ ဘလော့အတွင်းမှာ စာဖတ်ပြီး အကြံပြုပြီး ပြန်သွားတဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါသည်။ ခင်ဗျားတို့ နိုင်ငံရေး လုပ်နေတဲ့သူတွေကို ကျုပ်တို့ဘာမှမပြောချင်ဘူး၊ ခင်ဗျားတို့ အနေနဲ့လည်း ကိုယ့်ဘ၀နဲ့ကိုယ် နေထိုင်ပါ။ မဆိုင်တဲ့ ကျုပ်စေလိုရာဘလော့လေးကို လာမတိုက်ခိုက်ပါနဲ့လို့ ဆန္ဒပြုလိုက်ချင်ပါသည်။

လေးစားစွာဖြင့်

စေလိုရာ

ဇာတိမာန်