Author: စေလိုရာ
•9:26 AM

ပထမပို့စ်ရဲ့ နောက်မှာတော့ အထိနာတဲ့သူတွေ၊ ဖြစ်စဉ်တွေ အရမ်းမှန်နေတာကြောင့် မခံမရပ်နိုင်တဲ့သူတွေ၊ များပြားလာပြီး၊ ကျုပ်ကိုတိုက်ခိုက် လာပါတော့သည်။ အတိအလင်းပြောထားပါသည်… စာဖတ်တတ်ရင် လူတိုင်း တွေ့လိမ့်မယ်။ (ကျုပ်၏ဆန္ဒ၊သိပ်တွေ့ချင်နေလား) ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရေးထားတာ မြင်လား၊ တွေ့လား၊ ဖတ်လား၊ မမြင်ဘူး၊ မတွေ့ဘူး၊ မဖတ်ဘူး၊ ဆိုရင်တော့ ခင်ဗျားဒီနေရာကိုလည်း မလာသင့်ဘူး၊ လှပတဲ့စကားတွေနဲ့ လူအမြင်တင့်တယ်အောင် ကျုပ်ကိုလာ မပို့ချစမ်းပါနဲ့။ “မသိသူကျော်သွား သိသူဖော်စား” တဲ့ ခင်ဗျားပြောတဲ့ စကားလုံးတွေက မှုလတန်းကလေးကို ဆုံးမစကား၊ ချော့တစ်လှည့်၊ ခြောက်တစ်လှည့်လား။ ဒီခေတ်ကြီးမှာ ခင်ဗျားသားသမီးရလာရင် အဲလိုမျိုး ဆုံးမလိုက် လက်ခံမလား… လက်မခံဘူးလား ဆိုတာ…. ခင်ဗျားသားသမီးက ပြန်ပြောမဲ့ အကြောင်းပြချက်ကို စာအုပ်တစ်အုပ်နဲ့ ပြန်ရေးပြီး ကျုပ်ဆီပို့လိုက် စိစစ်ပေးမယ်။

ကိုယ်တစ်ယောက်ထဲ လူကြားကောင်းအောင် ပြောတတ်တယ် ထင်နေကြတဲ့ လူတွေကို လောကကြီးက ဆန်းကျယ်တဲ့အကြောင်း သင်ခန်းစာ ပို့ချပေးနေတာကို ကျေးဇူးမတင် သတိမ၀င် လာလုပ်ပြမနေနဲ့…။ သိပ်မကြိုက်သေးဘူး… ခင်ဗျားရဲ့အရေးအသားနဲ့ ဒေါသကိုနောက်ထပ် နှစ်ဆလောက် ထပ်မြင့်လိုက်ဦး။ ဆရာကြီးလာမလုပ်ပါနဲ့… ခင်ဗျားမှာစိတ်ထားကောင်းတွေ ရှိနေရင် ဒါမှမဟုတ် နာကြီးချက်တွေ ရှိနေရင် ကျုပ်ကိုလာမပြောနဲ့ ပို့စ်အရင်ဆုံး ရေးပြီးပို့ချလိုက်တဲ့ လူကိုသွားပြော။အောင်ပွဲခံတဲ့ အချိန်ကျတော့ ခင်ဗျားတို့အသံတွေ ဘယ်ရောက်နေတာလဲ… ရုရှားကိုအပြစ်တင် ဝေဖန်ပြီးရေးတုန်းက ခင်ဗျားတို့တွေ ကာကွယ်ပြီးတော့ ပြောပေးတာရှိလာ။ ၀ိုင်းသုတ်ဖို့ကို ချောင်နေပြီး၊ အကွက်ဝင်တော့ ၀ိုင်းဖဲကြတယ်။ ကျရှုံးခန်းရောက်မှ တရားသဘောနဲ့ မရှုခိုင်းနဲ့လေ… အရင်ရေးတာတွေ နောက်ရေးတာတွေ လာမပြောနဲ့။ မဖြစ်ချင်ရင် ဒီလိုမဖော်စေချင်ရင် လူတွင်ကျယ်မလုပ်နဲ့ပေါ့…” ကိုယ်မှန်တယ်ထင်ရင် ငြိမ်နေလိုက်ပေါ့တဲ့… ပြောတဲ့စကားလေးတွေက တော်တော်နားထောင်လို့ ကောင်းတယ်။ ကျုပ်…ခင်ဗျားတို့ရဲ့ စကားကြားရတာ အရမ်းနားခါးတယ်။ ကိုယ်မှန်နေတာပဲ ငြိမ်နေရမယ်ဆိုရင် အမှန်အတိုင်းကို ဖော်ပြနိုင်တဲ့လူတွေ အမှန်တရားမြင်တဲ့ လူတွေရှိမှာမဟုတ်ဘူး။ အမှားလုပ်တဲ့လူတွေ လောကကြီးကို ပိုင်ဆိုင်နေကြပါပြီး။ အမှောင်လောကမှာ ရောက်နေတဲ့လူတွေက ကောင်းတဲ့လူတွေ ဖြစ်ကုန်မယ်ဆိုတာ နားမလည်ကြဘူးလား။ ဒါဆိုထပ်ပြောမယ်… ခင်ဗျားတို့ပြောသလို စိတ်တွေတကယ် ရှိနေတယ်ဆိုရင် ဒီနေရာလေးကို လာပြီးဘာလို့ လာဆဲကြတာလဲ။ ကိုယ့်လူ… ခင်ဗျားကို တစ်ခု ကောင်းကောင်းပြောမယ်၊ ကျုပ်ဆီကို ပုတ်ခတ်တဲ့ Email တွေ ၀င်မလာရင် ဘာမှမဖြစ်ဘူး။ ခင်ဗျားအနေနဲ့ ကျုပ်ရေးတာကို လွန်တယ်ပေါ့ ဟုတ်လား… မှတ်ထား ငါ့ညီ မင်းအကိုက မလုပ်ရင် မလုပ်ဘူး လုပ်ရင်လည်း စေလိုရာ ဆိုတဲ့အတိုင်း အလိုရှိရာပဲ။

Cbox မှာ အရင်ဆုံးလာရေးသွားတဲ့ လူတစ်ယောက် ရှိပါတယ်။ နာမည်မဖော်ပြတော့ပါဘူး။ “ကိုယ့်အကြောင်း ကိုယ်သိလိမ့်မယ်” ခင်ဗျား ဘာကောင်လဲဆိုတာ ကျုပ်မသိဘူး၊ သိလည်း မသိချင်ဘူး၊ ဘာတဲ့ကျုပ်ကို Mail ပို့လိုက်ပါတဲ့… စင်္ကာပူ(၁၂) နာရီထိ ရှိနေတယ် ဟုတ်လား… ဆိုးတာက ညီလေးရေ…. ကျုပ်သူများခိုင်းတာကို ယုံလွယ်ပြီး လုပ်တတ်တဲ့စိတ် မရှိဘူး။ ပထမပို့စ်မှာကတည်းက သက်ဆိုင်တဲ့ လူတွေနာနိုင်တယ်။ ကိုယ်မဟုတ်ရင် ဘေးကစာနာသလို လာလုပ်ပြမနေနဲ့။ ကျုပ်တို့သူငယ်ချင်းတွေ မိတ်ဆွေတွေအတွက် ကိုယ့်အသိစိတ်ဓာတ်ဖြင့် လုပ်သင့် လုပ်ထိုက်တာကို လုပ်နေတယ်။ ခင်ဗျားလို သူများခိုင်းတိုင်း လိုက်လုပ်နေတဲ့လူ မဟုတ်ဘူး။ အခုရော ဒီဆိုဒ်ကို လာဖို့၊ နိုင်အောင် သွားပြောလို့ ခိုင်းလိုက်တဲ့ လူများရှိလို့လား။ Sorry ပါဗျာ… ခင်ဗျားကို အခက်တွေ့အောင် လုပ်ခဲ့လျှင်ပေါ့။ တစ်ခုပြောပြမယ်… ဘယ်လောက် အပြေးသန်တဲ့ မြင်းပဲဖြစ်ဖြစ် ခွာလိပ်သွားတဲ့အချိန်မှာ ကျန်တဲ့ အပြေးမသန်တဲ့ မြင်းကိုပါ ရှုံးနိုင်တယ်။ ကိုယ့်ကိုကိုယ် အထင်သိပ်ကြီးမနေနဲ့ “မြင်းကောင်း ခွာလိပ်” တဲ့ ဟုတ်ပြီးလား။ အဲလိုမဖြစ်အောင် နေထိုင်ပါ။ ခင်ဗျားအဆင့်အတန်းရှိတယ်၊ ခင်ဗျားဟာ မြင်းကောင်း တစ်ကောင်ဆိုရင် ခွာမလိပ်အောင် ကြိုးစားထားပါ။

နောက်တစ်ချက် ထပ်ပြောပါအုံးမယ်… ဟိုးအရင်တုန်းက ကိစ္စတစ်ရပ်ပါ။ ရွှေဝါရောင်တော်လှန်ရေး ဆိုပြီး ခင်ဗျားတို့ နာမည်တပ် ပုံဖော်ထားမှုတွေက ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး။ ခင်ဗျားတို့ရဲ့ စိတ်ထားတွေကို ဖော်ပြခဲ့တာလည်း အဲဒီအချိန်ကာလပဲ၊ အင်တာနက်မှာ တွေ့ကြတယ် စကားပြောရင် အဲဒီအကြောင်းမပါရင် မပြီးကြဘူး။ ဘုန်းကြီးတွေကို သတ်တာ နင်တို့မင်းတို့တွေတဲ့… ဟုတ်ပြီး၊ ငါတို့တွေလို ပြောရအောင် ငါတို့အကြောင်း ဘယ်လောက်သိသလဲ… ပြန်မေးလိုက်တယ်။ မသိဘူး၊ သိတာတစ်ခုက နင်တို့မင်းတို့တွေ သတ်တယ်တဲ့။ ရယ်ရတယ်ဗျာ… စာအုပ်ယူပြီး သေချာမှတ်ထားလိုက်၊ အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့ပြောတဲ့ ရွှေဝါရောင်တော်လှန်ရေး ဟုတ်လား… အေး…အဲဒီချိန်မှာ ရုရှားမှာ ရှိနေတဲ့လူတွေကို ဘာလို့ခလုတ်တိုက် နေတာလဲ။ မဆီမဆိုင်တွေ ဆွဲထည့်ပြီး ခင်ဗျားတို့ အမြင်တစ်ဘက်နဲ့ လာတိုက်ခိုက်တယ်။ အဲဒီတုန်းကလဲ အရှက်တွေဗြန်းဗြန်းကွဲ တာပဲမဟုတ်လား။ ပြန်စဉ်းစားကြည့်ကြလေ… ဘာဆိုင်လို့လဲ… ခင်ဗျားတို့ကို မကျေနပ်တာတွေက အဲဒီအကြောင်းတွေလည်း ပါတယ်။ ရုရှားရောက်ကိုကိုတွေ မကောင်းရအောင် ခင်ဗျားတို့မစစ်မှန်တဲ့ ဆန္ဒပြနေတဲ့အချိန် ထိုလူတွေက ရှိနေလို့လား၊ ဘာမှမသိကြဘူး မဟုတ်လား။ ပြောချင်တာကို ဇွတ်ပြောကြတယ်။ ထို့အပြင် လာပြီးစည်းရုံးလိုက်သေးတယ်၊ ရုရှားရောက်တပ်မတော်တွေပါ အားလုံးဝိုင်းဝန်းပြီး တိုက်ခိုက်ကြစို့တဲ့၊ တပ်မတော်သားတွေပါ ပါဝင်လာသော ကြောင့် အရေးတော်ပုံ အောင်ရမယ်တဲ့။ လုပ်ပုံက ကောင်းလိုက်တာ…လူ…လေးငါးယောက်နဲ့ ဒီဘက်က မေးလိုက် ဟိုဘက်က ပြန်ဖြေ၊ ဘေးကလူတွေက ထောက်ခံ၊ လက်ခုပ်ဝိုင်းတီး လုပ်ကြံဇာတ်တွေ ခင်းပြီးတော့ လေလှိုင်းပေါ်မှာ လွင့်နေတာတွေကို ကျန်တဲ့လူတွေက မသိကြတာကိုး…” “VOA,BBC ရန်တိုက်ပေးနေသည်။ RFA,DVB သွေးထိုးနေသည် ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံများ နားမယောင်လေနဲ့ သတိထား” ကြဆိုတာ သတင်းစာတွေထဲမှာ နေ့စဉ်သတိပေးထားပါတယ်။

အခုကျုပ်ဆိုဒ်ကို နိုင်ငံရေးပတ်သတ်မှုတွေ လာရေးတဲ့လူတွေကို တစ်ခုလောက်မေးပါအုံးမယ်။ ခင်ဗျားမပြောနဲ့ ခင်ဗျားထက် ကြီးတဲ့လူတွေ အိုလို့ သေတောင်သေကုန်ကြပြီး သူတို့လက်ထက်တုန်းကလည်း အရေးတော်ပုံ အောင်ရမယ် အောင်ရမယ်လို့ အမြဲတမ်း လုပ်တတ်ကြတယ်။ ဘယ်နှခါ အောင်မြင်ခဲ့သလဲ… မေးကြည့်လိုက်ပါ။ အဲလိုပဲ အမြဲတမ်း “နိုင်ငံရေးစိတ်မ၀င်စားတဲ့ ပြည်သူတွေကို စည်းရုံးဟိုအော်ဒီအော် လုပ်ကြတယ်။ နောက်ဆုံးတော့လည်း ပါဝင်တဲ့လူတွေ ဘာဖြစ်လဲ။ ဘ၀ပျက်မကုန်ဘူးလား…. သူ့ဟာသူ အေးရာအေးကြောင်း လုပ်ကိုင်စားသောက်နေတာ အကောင်း ခင်ဗျားတို့လုပ်လို့ ဟိုနိုင်ငံပြေး ဒီနိုင်ငံပြေးနဲ့ ကုန်းဆင်းမှာ ဘီး တပ်ပေးလိုက်သလိုပဲ” ခင်ဗျားတို့ကို ကျုပ်ဘာမှမပြောချင်ဘူး… စစမလာကြနဲ့… www.sayloyarone.blogspot.com သည် နိုင်ငံရေးလုပ်နေသည့် ဆိုဒ်မဟုတ်ပါဘူး။ နိုင်ငံရေး လုပ်ဖို့ပေါ်ထွက်လာခြင်းလည်း မဟုတ်ဘူး။ “အသားလိုလို့ အရိုးတောင်း လာတဲ့ လူတွေကို ဘာတစ်ခုမှ မရအောင် လုပ်ပေးဖို့ပဲ ရှိပါတယ်။”

ထို့ကြောင့် ဤဆိုဒ်မှာ ခင်ဗျားတို့လိုချင်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်ကို ဆွဲမတင်ရန် တားမြစ်သည်။ အခြေအနေအရ အကုန်လုံး ကျုပ်လုပ်နိုင်ပါသည်။ လောကမှာ ပြောင်းလွယ်ပြင်လွယ် ရှိတတ်ပါတယ်။ “အခုဖြစ်နေတာက စကားအရမနိုင်ရင် နောက်ဆုံးဘာမှမဆိုင်တဲ့ နိုင်ငံရေးပေါ်လစီကို ပြောကြတယ်။ မိုက်မိုက်ရိုင်းရိုင်း စကားလုံးတွေနဲ့ ဆဲလာကြတယ်။ အဲလိုဆဲတဲ့လူတွေကို နိုင်ငံရေးသမား ဟုခေါ်တာလား၊ နိုင်ငံအတွက် ဒီမိုကရေစီအတွက် လုပ်နေတဲ့ လူတွေလို့ ခေါ်ရမှာလား။ ကျုပ်သာခင်ဗျားတို့ စည်းရုံးတဲ့လူတွေထဲ ပါခဲ့ရင် ခင်ဗျားတို့ကို ဦးစီးတဲ့ ခေါင်းဆောင်၊ ခေါင်းပါရှောင်သွားစေရမယ်။” ကိုယ့်အကြောင်း ကိုယ်သိပါ ဆိုလိုရင်းတွေကို နားလည်နိုင်ကြပါစေ။ နိုင်ငံရေးနဲ့မဆိုင်တဲ့ နောက်တစ်ချက်က ဗုဒ္ဓဘာသာကို စော်ကားထားတဲ့ ဆိုဒ်တွေရှိပါတယ်။ ဒါတွေကိုလည်း ခင်ဗျားတို့ ရုရှားကကိုကိုတွေ ရေးပါတယ်တဲ့… နိုင်ငံရေးအရလုပ်တာ မအောင်မြင်တော့ တခါဘာသာရေးနဲ့ ရုရှားရောက်လူတွေကို ထပ်ပြီးပြည်သူတွေ အထင်မှားအောင် တိုက်ပေးကြတယ်။ ရုရှားကလို့ ပြောရအောင် အားလုံးကဗုဒ္ဓဘာသာတွေ၊ ဗုဒ္ဓဘာသာကို ပုတ်ခတ်ရေးသားတဲ့လူက မှုဆလင်လူမျိုး မဟုတ်လား။ ကဲ…ခင်ဗျားတို့ရဲ့ အထင်အမြင်တွေ ဘယ်လောက်ထိ လွဲနေသလဲ၊ “ဗုဒ္ဓဘာသာကို ကိုးကွယ်နေတဲ့ လူတွေကိုပါ အထင်သေးအမြင်သေးပြီး ကိုယ့်ဘာသာထဲက လူတွေကို တခြားဘာသာတွေ အထင်သေးစေရန်၊ ကိုယ့်ဘာသာဝင်စစ်စစ်တွေကို တခြားဘာသာဖြစ်အောင် ပို့ဆောင်စေချင်တဲ့ စိတ်ဓာတ်တွေ ရှိတဲ့လူတွေက နိုင်ငံရေးသမားတွေလား… မနာနဲ့…ခင်ဗျားတို့ လာလာစွပ်စွဲလို့ ကျုပ်ပြောရတာ… သိပ်ပြောချင်နေလို့တော့ မထင်နဲ့။” ဗုဒ္ဓဘာသာတွေက ကိုယ့်ဘာသာ မကောင်းကြောင်း ရေးမလား။ ခင်ဗျားတို့စိတ်နဲ့ နှိုင်းရင် ရိုင်းကုန်လိမ့်မယ်။ တစ်ချို့လူတွေက ရှိသေးတယ်…. ဒီလိုအကျိုးမရှိတဲ့ စာတွေကို ရေးနေမဲ့အစား ဗုဒ္ဓဘာသာကို စော်ကားထားတဲ့ ဆိုဒ်တွေကို ပြန်ချေပကြပါလား…(ေ_ာက်အရေမရ အဖတ်မရတဲ့ အလုပ်တွေ လုပ်နေကြတယ်တဲ့) ခင်ဗျားတို့ အဲဒီလိုကောင်းတာတွေ လုပ်ချင်နေမှတော့ ခင်ဗျားလည်း ဗုဒ္ဓဘာသာပဲ မလုပ်နိုင်ဘူးလား… ဘာလို့သူများပြောနေမှာလဲ ကိုယ်တိုင်လုပ်လိုက်ပါလား။ ကုသိုလ်တောင် ရသေးတယ်ဗျာ။ ဘာကြောင့်များ ကိုယ့်ဝါသနာအရ ဘလော့ရေးနေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အပြစ်လိုက်တင်နေတာလဲ။

ဗုဒ္ဓဘာသာဆိုတာ ဆန်းကျယ်တယ်… မှားလို့မဖြစ်ဘူး၊ သူများဘာသာတွေနဲ့ မတူဘူး၊ ကိုယ်ကမခံနိုင်လို့ ရေးတယ်ထားပါအုံး အမှားတစ်စုံတစ်ခု ပါသွားခဲ့ရင် ဖတ်တဲ့သူက မသိပဲလိုက်လုပ်မိရင် ခင်ဗျားငရဲကြီးမှာ မဟုတ်ဘူး။ ရေးတဲ့လူက အကုသိုလ်ဖြစ်ရမယ်။ ကျုပ်အရမ်းသိ အရမ်းတော်နေလို့ကတော့ ခင်ဗျားပြောစရာကို မလိုဘူး။ ချေပလိုက်တာ ကြာပေါ့။ ခင်ဗျားလို ဘလော့ဂါတွေကို တရားအကြောင်း မရေးနိုင်လို့ အပြစ်လိုက်တင်မနေဘူး။ ဗုဒ္ဓဘာသာကို ယုံကြည်လို့ ကိုယ့်ဘာသာကို လေးစားကြလို့ မှုဆလင်တွေလို ဗုဒ္ဓဘာသာ မကောင်းကြောင်းရေးတဲ့ လူတွေကိုမတုန့်ပြန်တာပါ။ ဒီမှုဆလင်တွေနဲ့ အယူအဆလည်း မတူဘူး။ ဒီကောင်တွေ မကောင်းတာလုပ်ရင် မကောင်းတဲ့အတိုင်း ခံရမှာပဲ။ ငါတို့ဗုဒ္ဓဘာသာကို စော်ကားထားတာ ကျုပ်တို့လည်း ဘယ်ခံနိုင်မလဲ.... ဒီကောင်တွေ သူကံတရားအတိုင်း အကျိုးပေးကြမှာပါ။ သူတို့နဲ့ပြိုင်ရေးတော့ရော သူ့မှာငရဲဆိုတာ မရှိနိုင်ဘူး။ မိုက်မိုက်ရိုင်းရိုင်းပြောဖို့ကိုလဲ ၀န်လေးမှာမဟုတ်ဘူး။ နိုင်ငံခြားရောက်နေတဲ့ ဗုဒ္ဓဘာသာတွေ အများကြီးရှိပါတယ်။ ရုရှားကမှဘလော့ရေးတာ မဟုတ်ပါဘူး။ နိုင်ငံတကာမှာရှိတဲ့ ဗုဒ္ဓဘာသာတွေ အများကြီး ဘလော့ရေးကြတယ်။ ကိုယ့်ထက် အများကြီးသိတဲ့ လူတွေတောင် မရေးကြဘူး။ ဒါဟာ ရုရှားရောက်နေတဲ့ လူတွေရဲ့အပြစ်လား… အဲဒါအပြစ်မဟုတ်ဘူး လူတိုင်းကို အကုသိုလ်တွေ ခင်ဗျားဘုမသိဘမသိနဲ့ လိုက်ပြီးမပေးမိ ပါစေနဲ့ဗျာ…။ နိုင်ငံတကာမှာ ရောက်နေတဲ့ ဆရာတော်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့၊ ခင်ဗျားတို့လို လူတွေထက် ဆရာတော်တွေ သံဃာတော် အပေါင်းက ပိုပြီးသိမှာပါ။ ဗုဒ္ဓဘာသာကို စော်ကားထားတာကို ဖတ်ရမှာပါ။ “ခင်ဗျားအနေဖြင့် မခံနိုင်လွန်းလို့ ပြောတာကို လက်ခံလို့ရပေမဲ့… အားအားရှိ ရုရှားရောက်လူတွေကို အကောင်းမမြင်ပဲ လျှောက်ပြောမှတော့ ခင်ဗျားတို့လို လူတွေကိုလည်း ဘာမှအပြန်အလှန် လေးစားမှုဆိုတာ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ခင်ဗျားရဲ့ ဦးနှောက်ထဲကို ရိုက်သွင်းထားစေချင်တယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီ” ဖြစ်လာမှာမဟုတ်ဘူး။

ခင်ဗျားတို့ပြောတဲ့ ရွှေဝါရောင်တော်လှန်းရေးတုန်းက ရုရှားကလူတွေကို ဘယ်နှခါအကောင်း ပြောဖူးသလဲ ခင်ဗျားတို့ရဲ့ ဆရာ့၊ဆရာကြီးတွေကို မေးကြည့်လိုက်ပါဦး။ ဘယ်သူမှ အကောင်းမပြောကြဘူး…. ကျုပ်တို့အနေနဲ့က ဘာတစ်ခုမှကို ဂရုမစိုက်ခဲ့ဘူး။ နေရာမှန်နေတဲ့ အတွက် အခုလည်း စင်ပေါ်ကပဲ၊ မှားနေတဲ့လူတွေသာ ပုံမှန်၊နေရာမှန်မှာ မနေနိုင်မသွားနိုင်ကြတာပါ။ ဘုန်းကြီးတွေကို သတ်တာနင်တို့၊ မင်းတို့ပါလို့ ရုရှားကလူတွေကို အပြစ်တင်နေတဲ့လူတွေ အခုဗုဒ္ဓဘာသာကို ပုတ်ခတ်တဲ့ စာတွေကို ပိုပြီးမချေပသင့်ဘူးလား… ဘယ်ရောက်နေကြသလဲ… ဘာတွေလုပ်နေကြသလဲ… သူများယောင်လို့ လိုက်ယောင် ဒီကောင်တွေပဲ အဲဒီရုရှားကလူတွေကို ကစ်ကစ် ဆိုတာနဲ့ လာလာကစ်ကြတယ်။ အခုဘာလုပ်မလဲ… လုပ်ကြလေ… ဘာလုပ်နိုင်ကြသလဲ… အသုံးမှမကျတာ ဘာလုပ်နိုင်မှာလဲ။ ရုရှားကလူတွေကို မကောင်းကြောင်း ပြောမယ်၊ မနိုင်ရင် ဆဲ ဆိုဖို့က လွဲရင် ဘာလုပ်တတ်ကြသလဲ။ ဒီတော့ စေလိုရာသို့ ရောက်လာပြီး (ေ_ာက်ရှုး၊ အဓိပ္ပာယ် မရှိတဲ့စာတွေ ရေးတယ်၊ အချိန်ကုန်ခံလို့ကွာတဲ့) အထိနာနေ တာမဟုတ်လား။ ဘာမှကျုပ်ကို လာမပြောနဲ့။ “ခင်ဗျားတို့ ပြောနေတဲ့ စကားတွေကပဲ ကျုပ်လက်ကို ဘောပင် နှင့် ကွန်ပျူတာ ကီဘုတ် ကိုင်ဆောင် စေရန်သာ ဖြစ်လာရတာပါ။”

ရုရှားကလူတွေကို တစ်ခါမှ အကောင်းမပြောတဲ့ လူတွေခင်ဗျားတို့ ကောင်းကြောင်း ဒီမိုကရေစီလုပ်နေတဲ့ လူတွေသိအောင်၊ ခင်ဗျားတို့အပေါ် ယုံကြည်မှု သိသိသာသာကြီး ဖြစ်အောင် ခင်ဗျားတို့ ဗုဒ္ဓဘာသာ မကောင်းကြောင်းရေးတဲ့ ဆိုဒ်ကို ချေပရန် ကျွန်တော့်ကို တိုက်တွန်းသင့်သလား မတိုက်တွန်းပဲ ငါတို့အသိစိတ်ဖြင့် လုပ်မလားဆိုတာ သေချာစဉ်းစားကြအုံး။ ကျွန်တော်စာတွေဖတ်ရတယ်၊ မေးတွေဖတ်ရတယ်၊ အဲဒီထဲမှာ ခင်ဗျားတို့ပြောတဲ့ ဘယ်နေ့၊ဘယ်ရက် မှာဘယ်လို ဆန္ဒပြမယ်။ ဒီတစ်ခါက ဘယ်သူပါ ပါဝင်ပူးပေါင်းလာပြီး၊ ဒီတစ်ကြိမ်က အသေအချာပဲတဲ့၊ အပြောကတော့ ယုံချင်စရာ၊ စာဖတ်လိုက်တာနဲ့ တကယ်ဖြစ်လာတော့မဲ့အတိုင်း… နောက်တော့လည်း မကောင်းတာလုပ်နေတဲ့ လူတွေကို လောကကြီးက အမြဲတမ်းဒဏ်ခတ်တယ်၊ အလင်းနဲ့အမှောင် အဖြူနဲ့အမည်း မတူကြတာကို နားလည်ထား စေချင်တယ်။ နောက်ဆုံးတော့လည်း ပြည်သူတွေက အယုံအကြည်တွေပျက် လာရတာပေါ့ဗျာ…။ ဒီအယုံအကြည်ပျက်မှုတွေက ခင်ဗျားတို့ နိုင်ငံရေးသမားတွေကို အခုချိန်မှ မဟုတ်ဘူးနော်… ခင်ဗျားတို့ “မြန်မာနိုင်ငံမှ ထွက်ပြေးတဲ့အချိန်မှာ ထိုင်းနိုင်ငံကို ရောက်ရော ခင်ဗျားတို့ကို ထောက်ပံ့တဲ့ ခင်ဗျားတို့ရဲ့ သူငယ်ချင်းတွေ အဖွဲ့ဝင်တွေ အစားအသောက်တွေ၊ ဖြတ်ပစ်လိုက်တာတဲ့ သာဓကတွေ မိုက်လုံးကြီးပြီး ဆက်လုပ်နေတဲ့ လူတွေရဲ့အကျင့်စရိုက် အားလုံးကို ဖော်ထုတ်နိုင်တဲ့လူတွေ ရှိနေသေးတယ်ဆိုတာကို မမေ့စေချင်ဘူး… ထိုင်းနိုင်ငံမှာ အဖြစ်အပျက်ပေါင်းများစွာဖြင့် တခြားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ပြီး ယခုလက်ရှိအချိန်ထိ နိုင်ငံရေးလုပ်နေတဲ့ ဒီမိုကရေစီသမား ဟုအမည်တပ် လူကောင်းလိုလို ဟန်ဆောင်ပြီး ဆရာကြီးတွေ ဖြစ်နေတဲ့ ခင်ဗျားတို့ရဲ့ လူတွေကို သေချာပြန်မေးကြည့်လိုက်ပါ။ အဲလိုဖြစ်စဉ်တွေ ရှိခဲ့ဖူးလားလို့…။” ကျုပ်တို့က တရားနာတယ်၊ ဆရာတော်ရဲ့ အဆုံးအမတွေကို နားထောင်တာပဲ ရှိတယ်။ အဲဒီမှုဆလင်တွေက ကျွန်တော်တို့ ဘာသာကိုမှ မဟုတ်ဘူး၊ ခရစ်ယာန်ဘာသာကိုလည်း မကောင်းကြောင်း ရေးတယ်။ သူတို့က ရေးရတာ လွယ်မှာပေါ့ မကောင်းကြောင်းကိုဗျ၊ ကျွန်တော်တို့က အကောင်းမြင်ခြင်းနှင့် အမှန်ဘက်က ပြန်ရေးရမယ်လေ၊ ဒီတော့ အများကြီး စဉ်းစားရတယ်။ အခုလို ဖြစ်စဉ်တွေအပေါ် သုံးသပ်မိတာတစ်ခုရှိတယ်။ ခင်ဗျားတို့တွေက ကျုပ်တို့ကို အပြစ်မဖြစ် ဖြစ်အောင် ဒီမှုဆလင်တွေကို ချေပခိုင်းသလိုလိုနဲ့ တကယ်ကျွန်တော်တို့ ရေးလည်းရေးရော ရုရှားကဆို ဘယ်နေရာမှားနေသလဲ အပြစ်ရှာကြမယ်။ ပြီးရင်…ဒီကောင်တွေ ဘာကောင်တွေပါလို့ ခင်ဗျားတို့ အမြဲတမ်း ပြောတက်လွန်းလို့ ကျုပ်တို့အပြင် ဘယ်သူမှအယုံအကြည် မရှိတော့လို့ ခင်ဗျားတို့တောင် ပြည်ပမှာ ခိုးကြောင်ခိုးဝှက်နဲ့ နေနေကြတာပဲ မဟုတ်လား…။ ဒီစာတွေရေးလို့ နာနိုင်တယ်… ဒီစာတွေ ဖြစ်အောင်လည်း ခင်ဗျားတို့ လာလာပြောတဲ့ စာတွေ၊ စကားလုံးတွေ ကြောင့်ပဲ ဆိုတာ အားလုံးမြင်အောင် ချပြလိုက်တာပဲ…။

“ကိုယ်စိုက်ထားတဲ့ အပင်ကြီးထွားစေဖို့ ပေါင်းရှင်းတဲ့အခါ မလိုတဲ့မြက်ပင်တွေကို ရှင်းလင်းပေးရမည်၊ အပင်ကို ဖျက်စီးချင်နေတဲ့ ပိုးကောင်တွေ၊ အပင်ကိုဖျက်စီးနေတဲ့ ပိုးကောင်ကြီးတွေကို ပိုးသတ်ဆေးတွေနဲ့ သုတ်သင် ရှင်းလင်းပစ်ရမည်။ မလိုတာတွေ ရှင်းလင်းသွားမှ အပင်ကြီးထွားဖို့ အတွက် အင်အားကြီးမားပြီး အသီးထွက်နှုန်းကောင်းအောင် လုပ်ဆောင်ရမည်….။ နောက်ဆုံးတော့ ဒီအသီးအနှံတွေသည် လူတွေဗိုက်ကို ပြည့်ဝစေပြီး တန်းဖိုးရှိတဲ့ အပင်တွေအတွက် မလိုတဲ့ မြက်ပင်တွေ၊ ပိုးကောင်တွေကို ဖယ်ရှားဖို့အတွက် အားလုံးရဲ့ အလုပ်တစ်ရပ် ဖြစ်လာခဲ့ပါတော့သည်….။” ဒီပို့စ်နှင့်ပတ်သတ်ပြီး တိုက်ဆိုင်သူများအတွက် ဖြစ်ပါသည်။ မိမိနှင့်မသက်ဆိုင်သူများ ဘလော့အတွင်းမှာ စာဖတ်ပြီး အကြံပြုပြီး ပြန်သွားတဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါသည်။ ခင်ဗျားတို့ နိုင်ငံရေး လုပ်နေတဲ့သူတွေကို ကျုပ်တို့ဘာမှမပြောချင်ဘူး၊ ခင်ဗျားတို့ အနေနဲ့လည်း ကိုယ့်ဘ၀နဲ့ကိုယ် နေထိုင်ပါ။ မဆိုင်တဲ့ ကျုပ်စေလိုရာဘလော့လေးကို လာမတိုက်ခိုက်ပါနဲ့လို့ ဆန္ဒပြုလိုက်ချင်ပါသည်။

လေးစားစွာဖြင့်

စေလိုရာ

|
This entry was posted on 9:26 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

5 comments:

On February 4, 2010 at 5:52 AM , Unknown said...

ကောင်းပါတယ်..သူငယ်ချင်း..
နှစ်ဦး နှစ်ဖတ်အကျိုးရှိစေမယ့်..စကားလေးတွေပြောသွားတာ..
အားရတယ်.. ။ မသိ ၊ နားမလည်.. ဝေလေလေ
ဟိုယောင် ဒီယောင်.. လုပ်ပီ.. သူတစ်ပါးအပြစ်တွေ ရှာပီ..
မြန်မာလူမျိုးအချင်းချင်း..ပြန်ကိုက်... ။
သူတစ်ပါး ကောင်းစားရင်လည်း..မနာလို...
ကောင်းတာလုပ်လဲ..အပြစ်မြင်...
မကောင်းတာလုပ်ရင်တော့ အားပေး...
သေရင်တော့..ငရဲလာကျမှာပါ..
ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်ရတာ...ဂုဏ်ယူစရာကို
မြန်မာလူမျိုးတွေကတော့.. အချင်းချင်း..အထင်လွဲ..မနာလိုတွေ ဖြစ်နေလိုက်ကျတာ..
အကျင့်တွေကမကောင်း နိုင်ငံကြီး စိတ်ဓါတ်ကမရှိ..လမ်းဘေး အမှိုက်ပစ်..ကွမ်းတံတွေး ထွေး.. ဒီလိုလူမျိုးတွေ ရှိနေတဲ့ နိုင်ငံကြီးမှာ..ဘယ်လိုလုပ်ပီ..( )ပေးလို့ရမှာလဲ.. (ဥပမာ ပြောတာနော် ။) အဓိကက.. လူတစ်ယောက်ခြင်းရဲ့ အကျင့်စရိုက် စိတ်နေစိတ်ထား..နိုင်ငံကို ချစ်တဲ့စိတ်.. ကိုယ့်မိသားစု.. ။
ကိုယ့်ပတ်ဝန်းကျင်.. ။ ကိုယ့်မြို့ .ကိုယ့်ရွာ..အလိုက်သိသိ.
ဆောင်ရွက်တတ်တဲ့..လူမျိုးဆိုတာ ရှားသွားပီဗျ.. ။

အပြောလေးတွေ လျှော့ပီ..လက်တွေ့သမားဖြစ်အောင်နေကျပါ ။
ကိုယ့်မိသားစုအတွက် အများအကျိုးအတွက် အကျိုးမပြု နိုင်ဘူးဆိုရင်.. ကိုယ့်ပါကိုယ်..အေးဆေးနေကျပါ ။
မိမိကိုယ်တိုင်းကတော့.. စိတ်ဓါတ်ကကောက်ကျစ်..နေတော့..
ဆိုးတယ်ဗျာ.. မြန်မာလူမျိုးတွေအတွက် ရင်လေးတယ်ဗျာ.. ။
( လူတစ်ချို့ကို ပြောတာပါ ။ ) တိုက်ဆိုင်မူရှိရင် ခွင့်လွှတ်ပါ ။
ကောင်းတဲ့လူတွေ.. စိတ်ဓါတ်မြင့်မြတ်တဲ့သူတွေကို..တော့..
ပုဂ္ဂိုလ်အစွဲမရှိပါ..နိုင်ငံရေးသမားဖြစ်ဖြစ်..နိုင်ငံသမားမဟုတ်သည်ပဲ
ဖြစ်ဖြစ်..မည်သူမဆို..တော်ရင်..ရိုးသားဖြောင့်မတ်ရင်..
စိတ်ထားမြင့်မြတ်နေရင်တော့ .. ကျွန်တော်တို့ကတော့
လေးစားနေလျက်ပါဗျာ.... ။
ခေတ်ကြီးကလဲ.. ဆိုးလာပီဆိုတော့.. မကောင်းတဲ့သူတွေကြားထဲမှာ..
ကိုယ့်ဘ၀အတွက် သင့်ရာသင့်ကြောင်း..တိုးတက်ရာတိုးတက်ကြောင်း ။ သံသရာအတွက် ရိက္ခာတွေ ယူသွားကြဖို့နဲ့.. မိဘ ဆရာ သမား ကျေးဇူးရှင်များကို မမေ့ကြပါနဲ့ဗျာ..
ဒီလောက်ပါပဲ... ။

 
On February 4, 2010 at 6:48 AM , g|-|0$7 said...

အင်း... ဟိုဖက်ကရေးလိုက်... ဒီဖက်ကရေးလိုက်နဲ့... အင်တာနက်ပေါ်မှာ စာမျက်နှာတွေများလာတာပဲ အဖတ်တင်တယ်... မြန်မာနိုင်ငံကြီးလည်း ဒီမိုကရေစီမရသွားသလို... အရေခြုံနိုင်ငံရေးသမားတွေလည်း မလျော့သွားဘူး... ပိုပိုတိုးလာတာပဲရှိတယ်
ကျွန်တော်စိတ်ကူးထဲမှာလေ... စစ်အစိုးရဘက်ကပြောရေးဆိုခွင့်ရှိသူ ၃ ယောက်လောက် စင်ပေါ်တက်... အတိုက်အခံတွေဘက်က ပြောရေးဆိုခွင့်ရှိသူ ၃ ယောက်လောက် စင်ပေါ်တက်ဆွေးနွေးကြဗျာ... sunday talk လိုဟာမျိုးတွေပေါ့... ပြီးရင် အဲ့ဒါကို ဆင်ဆာမဖြတ်ပဲ တိုက်ရိုက်လွှင့်ကြည့်လိုက်... အဲ့ဒါဆိုဘေးလူတွေအနေနဲ့... ပြည်သူတွေအနေနဲ့ အဖြူအမည်းသဲကွဲသွားတာပေါ့ဗျာ...
ကျွန်တော် စိတ်ကူးယဉ် လေထဲတိုက်အိမ်ဆောက်ကြည့်တာပါဗျာ

ကျွန်တော်တို့တိုင်းပြည်မှာ အစိမ်းဝတ်တွေနဲ့ ပြည်သူတွေကြားမှာရှိတဲ့ အတားအဆီးက တစ်နေ့တစ်ခြားကြီးထွားလာပြီဆိုတာကို အစ်ကိုတို့လည်း ရိပ်မိမှာပါလေ... ဒါတွေအကုန်လုံးကို နိုင်ငံခြားသတင်းဌာနတွေက လုပ်တယ်လို့ ပြောလို့မရမှန်း သိနိုင်ပါတယ်...

@ဟိုအပေါ်ကကော်မန့်ရေးတဲ့အစ်ကို
လမ်းဘေး အမှိုက်ပစ်..ကွမ်းတံတွေး ထွေးတာတွေ... စည်းကမ်းမရှိတာတွေကြောင့်... မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ မတန်ရင် ဘယ်လိုစံချိန်စံညွှန်းနဲ့မှ တန်မှာလဲ?

အင်္ဂလန်၊ လန်ဒန်က ကားတွေ ရထားတွေပေါ်မှာ အမှိုက်တွေ... အန်ထားတာတွေ... အရက်ပုလင်းတွေဆိုတာ မတွေ့ချင်မှ မဆုံးပါ
စည်းကမ်းမရှိတာကို တင်းကြပ်တဲ့ဥပဒေနဲ့သာ ကိုင်တွယ်လို့ရမယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်... ဒီမိုကရေစီနဲ့ ဘာမှမဆိုင်ပါဘူး

 
On February 5, 2010 at 6:09 AM , Unknown said...

Correct,,

ကျွန်တော်တို့တိုင်းပြည်မှာ အစိမ်းဝတ်တွေနဲ့ ပြည်သူတွေကြားမှာရှိတဲ့ အတားအဆီးက တစ်နေ့တစ်ခြားကြီးထွားလာပြီဆိုတာကို အစ်ကိုတို့လည်း ရိပ်မိမှာပါလေ... ဒါတွေအကုန်လုံးကို နိုင်ငံခြားသတင်းဌာနတွေက လုပ်တယ်လို့ ပြောလို့မရမှန်း သိနိုင်ပါတယ်...

 
On February 6, 2010 at 4:04 AM , mgnge said...

နိုင်ငံရေး မပြော ပါ နဲ့ ဆိုတာကို...။ ဒီလိုလေးတွေနည်းနည်း ပြောရမှ ကျေနပ်မယ် ထင်ပ့ါနော်...။
စာဖတ်.. ပြောစရာရှိရင်ပြော.. မရှိရင် ပြန်ပေါ့.. ။ ဘာလည်း... မဆိုင်တာတွေဆွဲဆွဲထည့်ပြောနေတယ်..။ နိုင်ငံရေးပြောချင်ရင် နိုင်ငံရေးဘလော့တွေလမ်းညွှန်ပေးမယ်..။

 
On February 6, 2010 at 8:32 AM , g|-|0$7 said...

ကျွန်တော်နိုင်ငံရေးသမားလည်းမဟုတ်... နိုင်ငံရေးပြောတာလည်းမဟုတ်ပါ
အစ်ကိုတို့နဲ့ ကျွန်တော်တို့ပြည်သူတွေကြားမှာ ရှိလာတဲ့ ကြီးထွားလာတဲ့ အရာတစ်ခုကို ပြောဆိုခြင်းပဲဖြစ်ပါတယ်... ကဲကဲ... မငြင်းတော့ပါဘူးဗျာ... ဒီဘလော့်ကို နှောက်ယှက်သလိုဖြစ်သွားရင် ဆောရီးဗျာ

 

ဇာတိမာန်