Author: စေလိုရာ
•8:04 PM

ရှစ်လေးလုံးလို့ နာမည်ထွင်ခဲ့တဲ့ အတိတ်ကို ပြန်မြင်ရရင် ရင်ထဲကခံစားချက်တွေ ကျွန်တော်တို့ မြန်မာလူမျိုးတိုင်းမှာ ရှိနေကြလိမ့်မယ်။ အကောင်းဘက်က တွေးတောကြံစနေတဲ့ သူတွေရှိသလို အဆိုးမြင် ၀ါဒနဲ့ အခုချိန်ထိ လမ်းလွဲလိုက်ပြီး မြှောက်ပြဆန်တောင်းမယ့်သူတွေနဲ့ ပိုက်ဆံရရင် ကိုယ့်အမျိုးကိုပါ သတ်ဖို့ ၀န်မလေးတဲ့ စိတ်တွေ ဒီမိုကရေးစီလို့ အော်နေသူတွေ၊ ရှစ်လေးလုံးကို အားကိုးနေသူတွေ၊ ၈၈ ကျောင်းသားဆိုသူတွေက နိုင်ငံခြားသားဆီမှ ဒေါ်လာတောင်းကာ မြန်မာလူမျိုး ခေါင်းတစ်ခေါင်း ဖြတ်ပေးဖို့ ၀န်မလေးပဲ ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကမ္ဘာမှာအခုချိန်ထိ မှတ်ကျောက်တင် နေခဲ့တယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိပြီးသာ ဖြစ်ပါလိမ့်မယ်။ ၀မ်းနည်းကြေကွဲမှု့ အပြည့်နဲ့ ရင်ထဲမှာရှိနေဆဲဖြစ်ပြီး ဗုဒ္ဓဘာသာ ကိုးကွယ်သူတစ်ယောက် အနေနှင့် လူတစ်ယောက်ရဲ့အသက်ကို ကြက်ကလေးငှက်ကလေး တစ်ကောင်လောက်တောင် တန်ဖိုးမထားခဲ့ကြသူတွေ ပြည်သူတွေကို ဘယ်လောက် စည်းရုံးစည်းရုံး သူတို့လုပ်ခဲ့တဲ့ အမှားတွေကြောင့် မြန်မာနိုင်ငံအတွင်းကိုတောင် ပြန်မလာရဲပဲ နောက်တစ်ကြိမ် ကျွန်တော်တို့ မြန်မာလူမျိုး အချင်းချင်း အမျိုးယုတ်မဲ့ လမ်းစဉ်တွေနှင့် ယခုခေတ်ကျောင်းသားတွေကို အမှားသရုပ်ပြလျှက် ရှိနေဆဲဆိုတာ သူတို့လုပ်တဲ့ အလုပ်တွေက သက်သေပြနေပါတော့တယ်။

ဗုဒ္ဓဘာသာဆိုတဲ့ တိုင်းပြည်ကြီးမှာ ကိုယ့်လူမျိုးအချင်းချင်း အရှင်လတ်လတ် သတ်ဖြတ်ခဲ့တာတွေက သမိုင်းမှာ ရာဇ၀င်ထွင်စေခဲ့ပါတယ်။ အရှက်ရစရာတွေကို ဘာကြောင့်များ ထပ်တလဲလဲ ဖော်ပြချင်နေကြတာလဲ။ နောက်ထပ်ဖန်တီး ချင်နေကြတာလဲ။ အဲလိုယုတ်မာရက်စက်တဲ့ လူတွေကို ကျွန်တော်တို့ မြန်မာလူမျိုးတွေက ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ အာဏာရရှိဖို့၊ အာဏာပေးဖို့ လက်ခံနိုင်ပါမလဲ။ ဒီလူတွေကို ထောက်ခံပါတယ်လို့ ပြည်သူတစ်ယောက် အနေဖြင့် မဲပေးနိုင်ပါမလား။ လူတိုင်းမှာ စိတ်ဓာတ်က အဓိကကျနေပါတယ်။ ၈၈ အရေးခင်းက လုပ်သွားတဲ့ အမှားမျိုးတွေနဲ့ အတုယူမလွဲစေဖို့ ယခုခေတ်မှာ တရားပွဲတွေ ဆရာတော်တွေရဲ့ သြ၀ါဒအဆုံးအမတွေ များပြားလာပြီး၊ လူငယ်တွေ နားထဲရောက်အောင် ဟောပြောပေးနေတာ ရှစ်လေးလုံးလို ဆန္ဒပြမှုမျိုး နောက်ထပ် မဖြစ်အောင် တားမြစ်တယ်လို့ မသတ်မှတ်ပဲ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ပင်ကိုစိတ်ထား ကောင်းနေဖို့ကို ပညာပေးတယ်ဆိုရင် ပိုမှန်နေပါလိမ့်မယ်.. အတွင်းစိတ်က ဖြူစင်ပြီးသားပါ အရောင်ဆိုးချင်တဲ့ လူတစ်စုကြောင့် မိမိ၏ကိုယ်ကျင့် သိက္ခာနှင့် တစ်သက်လုံး မိမိမျိုးဆက်အထိ အမဲစက်ပါမည့် လုပ်ရပ်မျိုးတွေကို ရှောင်စေချင်ပါတယ်။ အတိတ်က အရိပ်ဆိုးကြီးတွေကို သင်ပုန်းချေသင့် နေပါပြီး။

ကျွန်တော်တို့ ပြန်မြင်နေတဲ့ ရှစ်လေးလုံးဆန္ဒပြပွဲဟာ အဆိုးဝါးဆုံးသော မြင်ကွင်းတစ်ခု ဖြစ်နေပါလိမ့်မယ်။ လူသားအချင်းချင်းဆိုတဲ့ စိတ်နဲ့ ကိုယ်ချင်းစာကြည့်မယ် ဆိုရင် ကျွန်တော်တို့ငယ်ငယ် ဒီလိုဆန္ဒပြမှုမှာ ခေါင်းဖြတ်သတ်တာတွေ ဖြစ်သင့်မဖြစ်သင့် စဉ်းစားကြည့်ကြပေါ့။ သနားတတ်တယ်၊ ဂရုဏာစိတ်တွေ ရှိပါတယ်ဆိုတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဘာလို့ယခုလို လုပ်ခဲ့ကြတာလဲ။ အဖြေက ရှင်းလွန်းပါတယ်။ အခုမှဒေါ်လာတောင်းပြီး အမျိုးယုတ်အောင် လုပ်နေတာမဟုတ်ပါဘူး။ ရှစ်လေးလုံးဆိုတဲ့ အချိန်ကတည်းက ဒေါ်လာတောင်းပြီး ခေါင်းဖြတ်သတ်ခဲ့တာ မြန်မာလူမျိုးတစ်ယောက် အနေဖြင့် စိတ်နာနေမှာ အမှန်ပါ။ ထိုလုပ်ရပ်တွေ မှန်ကန်တယ်လို့ စာဖတ်သူ တစ်ယောက်အနေနဲ့ရော ပြည်သူတစ်ယောက်နဲ့ပါ ဘယ်လိုဆုံးဖြတ်ချက် ပေးမလဲ။ သူတို့ရဲ့ လုပ်ရပ်တွေ မမှန်ကန်ဘူးဆိုတာကို သိနေကြသော်လည်း ရပ်တန့်သွားခြင်း မရှိပဲ နိုင်ငံတော်ကို ဆူပူမှု့တွေ ဖြစ်အောင် ပြည်သူတွေ ဒုက္ခရောက်အောင် မသမာတဲ့ နည်းတွေနဲ့ အမျိုးမျိုး လုပ်ဆောင်နေခဲ့ပါတယ်။ ဒါတွေကို အများပြည်သူများ အနေဖြင့် သိထားသင့်ပါတယ်။

ခေါင်းစဉ်အရတော့ အေးချမ်းစွာနဲ့ ဆန္ဒပြသော ပြည်သူများသာ ဖြစ်သည်ဟု ပြောကြပြီး ဘာကြောင့် အများပြည်သူ ပိုင်ဆိုင်တဲ့ အလုပ်ရုံးစက်ရုံးတွေကို ဖျက်ဆီးနေကြတာလဲ။ ဘာကြောင့် လုယက်စားသောက် နေကြရတာလဲ။ ဆန္ဒပြတဲ့အခါ အဆောက်အုံးတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့ကြတာလား။ ဟိုတလောက ထိုင်းမှာဆန္ဒပြတာ တစ်ခုရှိတယ် UDD အဖွဲ့က ခန္ဓာကိုယ်မှ သွေးတွေကို ထုတ်ပြီး ဆီဗုံးထဲထည့်ကာ ၀န်ကြီးချုပ်ရုံးတွေ ဌာနဆိုင်ရာတွေကို သွေးအစစ်တွေနဲ့ ပက်ပြီး သူတို့ရဲ့ ဆန္ဒတွေကိုတောင်းဆိုခဲ့တယ်။ တောင်းဆိုချက်တွေ ဖြစ်မဖြစ်ကတော့ နောက်ဆက်တွဲ ဖြစ်ပါလိမ့်မယ်။ UDD ဆိုတဲ့အဖွဲ့အစည်း မှားသည်မှန်သည် ဆိုတာ ကျွန်တော်အနေနဲ့ မသုံးသပ်နိုင်ပါဘူး။ နောက်ဆုံးအဖြေမှန် အခုချိန်ထိ ထွက်မလာသေးပါဘူး။ စောင့်ကြည့်ရုံပဲ ရှိပါလိမ့်မယ်။ ဒါပေမဲ့ မိမိအသားနာခံပြီး၊ သွေးတွေထုတ်ပြီး လုပ်ခဲ့လို့ သတ္တိကိုတော့ ချီးကျုးသင့်ပါတယ်။ စာဖတ်သူက ပြန်ပြောချင်ပြောလိုက်မယ် အဲဒီသွေးတွေ အလကားဖြစ်သွားတာ နှမြောစရာကြီး၊ ဆေးရုံတွေကို သွေးလှူလိုက်ရင် ကုသိုလ်တော်တော် ရမှာပဲပေါ့ဗျာ။ အတွေးကမှန်ရင်မှန်မယ် အလုပ်ကမှားနေရင် ဘယ်သူမှအထင် မကြီးတတ်ကြဘူး... မြန်မာနိုင်ငံ ဒီမိုကရေးစီအဖွဲ့ ဆိုတာလည်း ဒီအတိုင်းပဲ အတွေးကမှန်ရင်မှန်မယ် လုပ်ရပ်က တလွဲမို့လို့ အခုချိန်ထိ အသုံးမကျတဲ့ ပါတီတစ်ခု အနေနဲ့ ရွေးကောက်ပွဲမှ နှုတ်ထွက်လိုက်ကြတာပါပဲ။

အသုံးမကျတဲ့ မီဒီယာများ နိုင်ငံရေးဘလော့ ရေးသူများ နှင့် မိမိနိုင်ငံမကောင်းကြောင်း ရေးနေသူများ စိတ်ဓာတ်တွေ အောက်တမ်းကျလွန်းပါတယ်။ အခုတစ်မျိုးပြောပါတယ်၊ ခဏနေရင် တစ်မျိုးပြောပါတယ်။ ထို့အတွက်ကြောင့် စာဖတ်တာပဲရှိတယ်... ခင်ဗျားတို့ရေးတဲ့စာတွေကို ပြည်သူတွေက မမှတ်ကြတော့ဘူး။ မှတ်သားရလောက်အောင် အခြေအမြစ် မရှိတဲ့စကားလုံးများ အဖြစ်သာ တည်ရှိနေဆဲပါပဲ။ သူတို့ရဲ့ အရေးမပါမှု့တွေ၊ အသုံးမကျမှု့တွေ၊ အပြောနဲ့အလုပ် မညီညွတ်မှု့တွေကြောင့် ယုံကြည်မှု့ကင်းမဲ့ခြင်း ခံရသော လူတန်းစားတွေအဖြစ် ပြည်သူတွေ၏ နှလုံးသားထဲမှာ စိမ့်ဝင်သွားခဲ့ရတာပါပဲ...။ နောင်ပြင်ဆင်လို့ ရတာပေါ့ဗျာ... တကယ်လည်း ခင်ဗျားတို့ ဒီအတိုင်း ဖြစ်နေတာ မိမိကိုယ်ကို မိမိသိပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့မှ ပါတီဝင်ရေးမ၀င်ရေး ဖြစ်နေခဲ့တာ ပြီးခဲ့တဲ့ လကပေါ့။ မတ်လ(၂၉)ရက်နေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲမ၀င်ရေး ဆုံးဖြတ်ခဲ့ကြတယ်။ ပထမတုန်းက ၀င်မယ် နောက်တော့ မ၀င်ဘူး၊ ၀င်မယ်ဆိုတော့ မီဒီယာတွေက စကားတစ်မျိုး လုပ်ပြန်ရော။ အခုတညီတညွတ်ထဲ ဆုံးဖြတ်လိုက်ပါပြီး ရွေးကောက်ပွဲ မ၀င်တော့ဘူးဆိုတော့ ရှေ့နောက်မညီတဲ့ စကားတွေဖြင့် တစ်မျိုး ကွဲလွဲသွားကြတယ်။

နောက်ပြီး သူတို့အဖွဲ့ အချင်းချင်းတောင် စိတ်ဝမ်းကွဲနေကြတာဗျာ... အမျိုးသားဒီမိုကရေစီအဖွဲ့ လုပ်ဆောင် ချက်တွေကို ၈၈ ကျောင်းသားဟောင်းတွေက လက်မခံကြပြန်ဘူး။ သေချာပါတယ် အာဏာပေး မိခဲ့မယ်ဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့နှင့် ၈၈ ဆိုတဲ့ ကျောင်းသားတွေ အချင်းချင်း သတ်ဖြတ်ကြအုံးမှာပဲ။ မြင်ယောင်သေးတယ်၊ ဘာကြောင့်လဲဆိုတော့ ၈၈ တုန်းက ပိုက်ဆံတောင်းပြီး လူသတ်ပေးတာလည်း ဒီကျောင်းသားတွေပဲလေ။ အရမ်းကို ရှက်စရာကောင်းလွန်းပါတယ်။ အခွင့်အရေး ယူမယ့်လူတွေ များနေလို့ ဘာမှမဆိုင်တဲ့ လေးလုံးတိုက်တိုင်း ဆန္ဒပြမှု့ကြီး ဖြစ်တော့မယ်လို့ ကြွေးကြော်နေတဲ့ နိုင်ငံရေးသမား များကို စိတ်ပျက်အောင် လုပ်နေသူတွေကတော့ မြန်မာနိုင်ငံမှ ပြည်သူလူထုပဲ ဖြစ်ပါတယ်။ ကိုးလေးလုံးတုန်းကလည်း ၀ါဒတွေသာ ဖြန့်လိုက်ရတယ်။ ဖြစ်သွားလား မဖြစ်လားဆိုတာတော့ ကျွန်တော်တို့အားလုံး ကျော်ဖြတ်လာ ခဲ့ကြတာပဲ မဟုတ်လား။ ဒါကြောင့် အမှားသရုပ်ပြနေတဲ့ ဒီလူတွေကို ပြည်သူတွေအနေနဲ့ စိတ်ပျက်အောင် လုပ်နေခြင်းထက် မြန်မာပြည်ကို အကျိုးမပြုပဲ ဒုက္ခတွင်းရောက်အောင် ပို့ဆောင်ပေးနေတဲ့ သူတွေကို စိတ်နာနေကြတယ်လို့ ပြောရင်ပိုမှန် ပါလိမ့်မယ်။

နောက်တစ်ချက်က မြန်မာနိုင်ငံမှာ ဆန္ဒပြရင် လမ်းဘေးက ဆိုင်တွေ မီးပွိုင့်က မော်တော်ပီကယ်ရုံးတွေကို ရိုက်ခွဲ ဒီထက်ဆိုးရင် မီးတွေရှို့ခဲ့တာ ဘယ်လိုမျိုး စိတ်ဓာတ်မျိုးနဲ့ ဆန္ဒပြနေတာလဲ။ လိမ္မာယဉ်ကျေးဖို့ ရည်ရွယ်ပြီး ဗုဒ္ဓဘာသာ ကျောင်းတွေ ယဉ်ကျေးမှုသင်တန်းတွေ ဖွင့်လှစ်ပေးနေတာ... မိဘတိုင်းက အမြဲတမ်းဆုံးမနေတာတွေက ယုတ်မာရိုင်းစိုင်းဖို့ အတွက်မှ မဟုတ်ခဲ့တာ။ အင်တာနက် စာမျက်နှာတွေမှာ သတင်းအရ ဖတ်မယ်ဆိုရင် ကောင်းပါတယ်။ မဆီမဆိုင်တဲ့ သတင်းတွေမှာ သူများနိုင်ငံတစ်ခုခုဖြစ်လည်း ကိုယ့်နိုင်ငံက စောက်သုံးမကျဘူး ဆိုတဲ့ စကားမျိုးကိုတော့ လက်ခံလို့မရဘူး။ နိုင်ငံခြားဆိုတဲ့ နေရာမှာလည်း ခင်ဗျားတို့ ကျွန်တော်တို့ နေဖူးသူတွေ သိနေတာပဲ ဘာကောင်းတယ် မကောင်းဘူးဆိုတာ၊ နိုင်ငံခြားက မကောင်းသတင်းကျတော့ မြန်မာနိုင်ငံက ကောင်းတဲ့အချက်နဲ့ မနှိုင်းယှဉ်ပဲ အမြဲတမ်း ကိုယ့်လူမျိုး ကိုယ့်ရေမြေကို အပုတ်ချနေကြတာလဲ။ ဆန္ဒပြတာခြင်း အတူတူပါပဲ ကျွန်တော်တို့ ရုရှားမှာရှိခဲ့စဉ် မြင်ဖူးခဲ့တယ် သမ္မတကို မလိုလားလို့ ဆန္ဒပြတာ ဘာပစ္စည်းတစ်ခုမှ ရိုက်မချိုးခဲ့ပါဘူး၊ မီးလည်းမရှို့ခဲ့ပါဘူး။ ထိုချိန်တုန်းက ကျွန်တော်တို့ လေ့လာရေးခရီး ရုရှားနိုင်ငံအမျိုးသား ရင်ပြင်မှာ ရောက်ရှိနေတာပါ။ လမ်းဘေးကနေ သူတို့ကို ရပ်ကြည့်ခွင့် ရှိခဲ့ပါတယ်။ နိုင်ငံခြားက ကောင်းတဲ့အချက်တွေကို ခင်ဗျားတို့ ပြောဖို့ပါးစပ်တွေပိတ်ပြီး မြန်မာနိုင်ငံက လူတွေကို ဆန္ဒပြအောင် ပျက်စီးဆုံးရှုံးမှု့တွေ များအောင် လူ(၁၀၀) ဆန္ဒပြရင် တစ်ဆိုတဲ့ နောက်မှာ သုညပေါင်းများစွာ ထည့်ပြီး လူထုအုံကြွမှု့ဟု နာမည်တပ်နေတာ ဘာများအထင်ကြီးစရာ ရှိမလဲ...။ အရင်ပို့စ်တစ်ခုမှာ မှားနေတာလေးတွေ မလုပ်ဖို့ ပြောခဲ့တာကြောင့် ဘုန်းကြီးတွေ ဆန္ဒပြနေတဲ့ ပုံတွေ သိပ်မတင်ကြတာ ကျေးဇူးတင်ရပါတယ်။ သံဃာတော်တွေကို ဗန်းပြပြီး အောက်ကစာတွေမှာ မနာလိုမှုတွေ များနေသောကြောင့် ဖြစ်သည်။

ပြီးခဲ့တဲ့မတ်လထဲမှာပဲ ဆယ်တန်းတွေ စာမေးပွဲဖြေခဲ့ရတယ်။ ရန်ကုန်မြို့ လမ်း(၃၀) တိုက်ပြိုကျမှု့ကိုလည်း မဟုတ်မမှန် သတင်းတွေထွက်လာပြန်ပါတယ်။ သေဆုံးသူမှာ ဆယ်တန်းကျောင်းသူလေး တစ်ယောက် ဖြစ်ပါတယ်။ ကယ်ဆယ်ရေးတွေထက် စစ်တပ်မှစစ်သားများ ပိုမိုများပြားကြောင်း သတင်းဓာတ်ပုံ ဟုပါရှိသော်လည်း... ၎င်းဖော်ပြထားသော ဓာတ်ပုံအတွင်းတွင် စစ်သားတစ်ယောက်မျှ မပါရှိကြောင်း ကျွန်တော်တို့ အားလုံးမြင်တွေ့ရ၍ ရယ်စရာများ ဖြစ်နေခဲ့သည်။ သြော်...မလိုစိတ်ထား အမြဲတမ်း ရှိနေတာကြောင့် ဘာဖြစ်ဖြစ် စစ်သားတွေပဲလို့ ခံယူထားကြတဲ့လူတွေ မီဒီယာတွေ အမြဲတမ်း နိုင်ငံမကောင်းကြောင်း စစ်တပ်မကြောင်းနှင့် စစ်သားမကောင်းကြောင်းတွေသာ ပြောတတ်ကြပါလားဟု ကျွန်တော်တို့အနေနဲ့ရော ပြည်သူတွေ အနေနဲ့ပါ မြင်လာကြရတယ်။ သတ်မှတ်ပေးရတာ လွယ်ပါတယ်၊ သူတို့လုပ်နေတဲ့ အလုပ်က မှားနေကြတော့ ကိုယ့်အဆင့်အတန်းကို ကိုယ်သိကြပေါ့ဗျာ။ မဟုတ်မမှန် ရေးသားသူတွေကို ပြန်ကြည့်ရမယ်ဆိုရင်လည်း ပိုက်ဆံရ၍ စားဝတ်နေရေး ပြေလည်ချင်၍ နိုင်ငံရေးကို အကြောင်းပြပြီး ကိုယ်ကျိုးရှာမှုတွေ လုပ်နေရပါလားလို့ တွေးမိပြီး ၀မ်းနည်းမိပါတယ်။

နောက်တစ်ချက်က ဧပြီလ (၄)ရက်နေ့တွင် မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသော အသက်(၃၃) နှစ်အရွယ် ကိုမင်းစောဦး အသတ်ခံရမှု့တွင်လည်း မြန်မာနိုင်ငံနှင့် သက်ဆိုင်နေပြန်ရော...။ စစ်တပ်အုပ်ချုပ်တိုင်းသာ ဒီလိုနိုင်ငံခြားမှာ အလုပ်လုပ်တဲ့ လူတွေသေရတော့မှာလား။ မဆိုင်တာတွေ အရမ်းဆွဲထည့်လွန်းတာ သဘာဝမကျပါဘူး။ နောက်ပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ ဒီလိုကိစ္စတွေနှင့် ပတ်သတ်ရင် ထိုင်းနိုင်ငံမှာလည်း ၀က်ရောက်ခြင်းနှင့် ကူညီဖြေရှင်းပေးခြင်း မရှိဟု အပြစ်တင်ထားကြသည်။ လူသားအချင်းချင်းတော့ ကိုယ်ချင်းစာပါတယ်... ဟိုတလောက ဒီမိုကရေစီအတွက် ဆိုပြီး ရွေးကောက်ပွဲကို မထောက်ခံတဲ့သူတွေ မလေးရှာနိုင်ငံ သံရုံးရှေ့မှာ နိုင်ငံတော်အကြီးအကဲပုံကို အုတ်ခဲတွေနဲ့ ထုနေတဲ့ပုံတွေ၊ သံရုံးခြံစည်းရိုးမှာ ပွပလဲနေအောင် ပုံတွေကပ်ပြီး ရုပ်ပျက်ဆင်းပျက် ဆန္ဒပြနေတာတွေက ဘယ်နားသွားထားမလဲ။ ကိုယ်တိုင်ကျတော့ သူ့ကိုမလိုလားဘူး... သူကကိုယ့်ကို မလိုလားတဲ့ အချိန်မှ အပြစ်လို့ ထအော်မနေသင့်ဘူး...။ သူများနိုင်ငံမှာ နေတယ်ဆိုတာ စည်းကမ်းရှိရှိ နေကြဖို့လည်း မေ့မနေကြနဲ့အုံးလေ။ အပြောမခံချင်ဘူးဆိုရင် ကိုယ့်လုပ်ရပ်လေး တွေလည်း ပြင်ကြပေါ့။ အကယ်၍ မွေးကတည်းက ခင်ဗျားမှာ ဗီဇပါလာခဲ့ရင်တော့ အမြဲတမ်း ဆဲရေးတိုင်းထွာခြင်းနှင့် ပညာမတတ်ပဲ တစ်ခုခုဖြစ်တာနဲ့ လုယက်မယ်၊ ပေါက်ကွဲမယ်၊ ဆန္ဒပြမယ်၊ ရန်ဖြစ်မယ်၊ ဆိုတာ အသိဥာဏ် နည်းပါးသူတွေရဲ့ အလုပ်ကို လုပ်သင့်မလုပ်သင့် ကိုယ်တိုင်တွေးကြည့်ပေါ့။ ဒီစကားက အရမ်းကို တန်ဖိုးရှိပါတယ်။ နိုင်ငံကိုအကျိုးပြုတဲ့ ဘလော့ဂ်တွေရဲ့ စီဘောက်တွေမှာတော့ များသောအားဖြင့် ဆဲဆိုနေတာ မြန်မာလူမျိုးတွေပါပဲ။ ထိုသူတွေသည် နိုင်ငံရေးသမားတွေ ဟု အမည်တပ်ရင် မှားနေအုံးမလား။ မခံချင်ရင်တော့ အပြုအမှုတွေ စကားအပြောအဆိုတွေ ထိန်းသိမ်းပါ။ အမြဲတမ်းလိုလို တွေ့နေတော့လည်း ဘာငြင်းကြအုံးမလဲ။ IP Address တွေကြည့်လိုက်ရင် သိသာပါတယ်။ တစ်ချိန်ထဲမှာ နာမည်အများကြီးနဲ့ မိုက်ရိုင်းသွားကြတာ ဘယ်သူတွေလဲ။ ပြည်သူတွေအနေနဲ့ ဆုံးဖြတ်ရလွယ်ကူပါတယ်။ သူတို့ရဲ့ လက္ခာဏာသည် ဘလော့ဂ်တိုင်းမှာ လိုက်ဆဲကြပါတယ်။ ကျွန်တော်ကြည့်ရသလောက် နိုင်ငံရေးလုပ်တဲ့ အဖွဲ့တွေထဲမှာ ဆဲရေးတိုင်းထွာ တတ်သူများ အဖွဲ့တစ်ဖွဲ့ ပါဝင်လိမ့်မယ် ထင်ပါတယ်။ စာဖတ်တဲ့ ပြည်သူတွေလည်း ဒီအတိုင်းပဲ ထင်ကြမှာပါ။ ဘာကြောင့်လဲဆိုတော့ စေလိုရာမှာ ကျွန်တော်ရေးသားတာ ဆဲထားတာ တစ်လုံးမှ မပါပါဘူး။ ဒါပေမဲ့လည်း သူတို့ဆဲသွားကြတယ်။ ကျွန်တော့်အနေနဲ့က ဘာမှဖြစ်မသွားပါဘူး။ သူတို့တွေကိုသာ စာလာဖတ်တဲ့ ရဟန်းသံဃာ မိန်းကလေး၊ ယောင်္ကျားလေး များမှ အထင်သေး အမြင်သေးခြင်း ခံကြရမှာပါ။ ကျွဲပါးဆောင်းတီး ဆိုတော့လည်း ကျွန်တော့်အနေနဲ့ အကုသိုလ်အဖြစ် မခံတော့ပါဘူး။ ပြေလည်ရာ ပြေလည်ကြောင်းနဲ့တော့ ပြန်ပြီးထောက်တတ်လို့ သတိထားပြီး ရေးစေချင်တယ်။ ပြောစေချင်ပါတယ်၊ ပြောရင်လည်း လိုရင်းကို ရောက်အောင် ပြောကြပါ။ ဆဲတာပါမှ ပြောတတ်ရင်တော့ ခင်ဗျားကို လူတိုင်းက မှတ်ချက်ပေးသွား မှာပါပဲ။ လူလိမ္မာသား ယဉ်ပါး လူမိုက်သား ရမ်းကား တဲ့။ စာသားကြည့်လိုက်ရင် ဘယ်ဘက်ကနာလို့ ပြောနေတာလဲ ဆိုတာသိတဲ့အတွက် ခင်ဗျားနဲ့ဆိုင်တဲ့ အဖွဲ့အစည်းပါ ထပ်သိက္ခာကျ ရပါတယ်။ နဂိုကတည်းက ငါတို့မှာ သိက္ခာမှ မရှိတာ ကျလည်းမထူးလို့ ဆက်လုပ်ချင်လည်း လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ရိုင်းစိုင်းမှု့တွေကို ဘယ်နိုင်ငံမှာမှ လက်ခံလေ့ မရှိပါဘူး။ ဒါကြောင့် သံရုံးရှေ့မှာ လူမြင်မကောင်းအောင် ဆန္ဒသွားပြခြင်းကြောင့် မလေးရှားနိုင်ငံက ရဲတွေထိန်းသိမ်းခံရတာ မြန်မာလူငယ်တွေပဲ မဟုတ်လား။ မလေးရှားနိုင်ငံမှ နိုင်ငံသားတွေ အမြင်ကပ်မှု့တွေ တစ်ဆထက်တစ်ဆ ပိုပိုတိုးလာရပြီး မြန်မာဆို အထင်မကြီးတာ ကိုယ့်လုပ်ရပ်တွေကို ပြန်ပြီးကြည့်ကြပါအုံး။ တခြားကောင်းရာ ကောင်းကျိုး လုပ်ကိုင်စားသောက်ပြီး ပိုက်ဆံရှာ မိဘအိမ် ပြန်ပို့နေတဲ့ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား များကိုတော့ အားနာပါတယ်။ သံရုံးရှေ့ဆန္ဒပြမှ အော်ဆဲနေမှ ရုရှားကဘလော့ဂ်တွေဆို အမေနှမ ကိုင်ဆဲရမှ သူရဲကောင်းတစ်ယောက် ဟု ခင်ဗျားသတ်မှတ်တာလား၊ ခင်ဗျားတို့သာခိုင်းတာ လုပ်နေကြတာ ခင်ဗျားတို့ကို ခိုင်းတဲ့လူတွေက အေးအေးဆေးဆေး နှပ်နေရုံပဲလေ။ ဒါကြောင့် ခိုင်းတဲ့လူတွေရော ခိုင်းခံရတဲ့ လူတွေပါ သေသေချာချာ စဉ်းစားပြီးမှ လုပ်ကြပါ။ တခြားမဆိုင်တဲ့ လူတွေဖတ်မိ၍ စိတ်မကောင်းမဖြစ်ကြပါနဲ့... ကျွန်တော်ပြောနေတဲ့ ဖြစ်စဉ်တွေ ရှိနေတာ အမှန်ဆိုတာ အင်တာနက်သုံးစွဲနေသူ အပေါင်းသိကြပါတယ်။

ခင်ဗျားတို့ အခုအားကိုးနေတဲ့ ဗကသ ခေါင်းဆောင်တွေ ထိုင်းနိုင်ငံထွက်ပြေးပြီး မဟုတ်တာ လုပ်ခဲ့တာ၊ ခင်ဗျားတို့ အသိဆုံးဖြစ်မှာပါ။ ဟိုတယ်တွေမှာ တည်ခိုပြီး၊ မြန်မာနိုင်ငံက ကျောင်းသားတွေဆီက ထမင်းထုပ်တောင်း၊ ပိုက်ဆံတောင်း၊ ကိုယ်ကျတော့ ဖဲရိုက်ပြီး ဒီမိုကရေစီဆိုတဲ့ မြန်မာနိုင်ငံအတွက်လို့ ပြောခဲ့တာတွေက ပြည်သူတွေနှင့် ကျောင်းသားတွေ အချင်းချင်း လိမ်ညာခဲ့တာပဲ မဟုတ်လား။ ဒီလူတွေကို အားပေးအားမြောက် လုပ်နေကြတာ ဘာအတွက်လဲ၊ သမိုင်းကြောင်းတွေကို သေချာပြန်ကြည့် စေချင်တယ်။ ဒါမျိုးကျတော့ ဥက္ကဌနေရာနဲ့ တန်တယ်ပေါ့၊ ခင်ဗျားတို့လေးစားတဲ့ ခေါင်းဆောင်တွေက ဒေါ်လာစားပြီး အတိုက်အခံ လုပ်နေတာပါပဲ...။ ဒီတော့သူခိုင်းသမျှ လူတွေကလည်း ဒေါ်လာရမယ်ဆိုရင် အကုန်လုပ်မယ်လို့ ခံယူတတ်တဲ့ စိတ်ကလွဲရင် ဘာရှိအုံးမှာလဲ...။ ကျွန်တော်ပြောတာ မခံနိုင်ရင် ခင်ဗျားတို့ အနေနဲ့ ကိုယ့်အသိဥာဏ်နဲ့ ဆင်ခြင်တုံးတရား ထားပြီး လုပ်ဆောင်ပါလို့ ပြောချင်ပါတယ်။

ခင်ဗျားတို့ရဲ့ ခေါင်းဆောင်တွေ ခဏခဏပြောနေတဲ့ ကတိတွေ တိုက်ပွဲတွေ သစ္စာတရားတွေ တကယ်ရော ဖြစ်ခဲ့ပြီးလား။ လိမ်လည်နေတာကို ခင်ဗျားတို့ သိရဲ့သားနဲ့ ဘာကြောင့် ကိုယ့်အသိစိတ်တွေကို သူတို့ကို ပေးထားရတာလဲ။ သူများယောင်တိုင်း ယောင်နေရမယ် ဆိုရင် ဒီလောကမှာ ခင်ဗျား လူလုပ်မနေနဲ့တော့ အကောင်းအဆိုး၊ နိုင်ငံတော်အတွက် ကိုယ်လုပ်နေတဲ့ အလုပ်အတွက် သေချာစဉ်းစားပြီး လုပ်စေချင်တယ်။ ကျွန်တော်ပြောခဲ့သလိုပဲ မကောင်းတာလုပ်တဲ့လူတွေအတွက် ဘယ်တော့မှ ကောင်းကျိုးဆိုတာ မရှိဘူး။ လောကကြီးက အမြဲတမ်း ဒဏ်ခတ်ထားတယ်။ အဲဒီဒဏ်တွေကို ခင်ဗျားတို့ ခံနေရတာက လွဲရင် ဘာအောင်မြင်မှုမှ ရလာမှ မဟုတ်ဘူး၊ မီးဆိုတာ အရမ်းပူပါတယ် ပူမှန်းသိရင် ခင်ဗျားတို့ ဆက်မကိုင်ပါနဲ့တော့ ဦးနှောက်ဖောက်စားခံ နေရတာသိသိနဲ့ ကျေနပ်မနေကြပါနဲ့။ ကိုယ့်လမ်းစဉ်အတိုင်း ကိုယ်ကျင့်သုံးကြစမ်းပါ...

မိုးသီးဇွန် ဘာတွေလုပ်နေတယ်ဆိုတာ စိတ်မ၀င်စားဘူး။ မိုးသီးဇွန်ကို အားကိုးပြီး ဒီဘလော့ဂ်မှာ လာအော်နေသူတွေကို သနားမိတယ်။ စစ်တပ်က လူကြီးခိုင်းသမျှ လုပ်ရတယ်လို့ အမြဲပြောနေသူတွေ အခုကိုမိုးသီးဇွန် ပြောသမျှ ခိုင်းသမျှ လိုက်လုပ်နေရတဲ့ နိုင်ငံတကာမှ မြန်မာပြည်ဖွား နိုင်ငံရေးသမားများနှင့် မြန်မာနိုင်ငံရဲ့ မကောင်းကြောင်းကို နေ့စဉ်နှင့် တင်ပြနေရသူတွေ၊ သတင်းတစ်ခုထွက်တာနဲ့ အစပိုင်းကတော့ သတင်းပဲ နောက်ပိုင်းမှာတော့ စစ်တပ်ကြောင့်ဖြစ်ပါသည် စာတမ်းက အမြဲတမ်း ပါနေတာကတော့ အတင်းတွေ ဖြစ်သွားပါတယ် ဆင်ခြင်ကြပါ။ သဘာဝကျကျ ပြန်တွေးရရင် စစ်သားတွေသည် အမိန့်ကို ကျေပွန်စွာ ထမ်းဆောင်တာ အပြစ်မရှိပါဘူး။ စနစ်တကျဖွဲ့စည်း တည်ဆောက်ပြီး၊ နိုင်ငံတော် အကြီးအကဲတွေသည် အောက်ခြေဘ၀က တက်လာခဲ့ကြ၍ ဖွဲ့စည်းပုံအတိုင်း အမိန့်ပေးတာ စစ်သားတစ်ယောက် အနေဖြင့် လုပ်ရတာ ကျေနပ်စရာ ကောင်းလှပါတယ်။ ခင်ဗျားတို့ ပြောနေတဲ့ မိုးသီးဇွန်က ဘာသင်တန်းတွေ ပေးထားလဲ၊ ဘယ်မှာ စနစ်တကျ ဖွဲ့စည်းထားတာ၊ ဘာစိတ်ဓာတ်တွေများ ရှိနေမလဲ၊ သိကြလား.... နိုင်ငံတကာမှာ စစ်တပ်ဆိုတာ ရှိပါတယ်။ တရားဝင်အဖွဲ့အစည်း တစ်ရပ်ဖြစ်တာကြောင့် တရားမ၀င်ပဲ အာဏာဖီဆန် အဖွဲ့အစည်းအာ စစ်တပ်နှင့် ပြည်သူပြည်သားများပါ တာဝန်ရှိတာကြောင့် နိုင်ငံအပြင် မောင်းထုတ် ခံနေရပြီးလော....။

အခုနောက်ပိုင်း ဘယ်လောက်ထိ ပုံကြီးချဲ့လာသလဲ ဆိုရင် သင်္ကြန်မှာ အဆိုတော်ဂျင်းနီ နေပြည်တော် သွားမှာကို မနာလို ဖြစ်နေကြပြန်ရော။ နိုင်ငံရေးသမားနဲ့ အဆိုတော် ဂျင်းနီ နေပြည်တော်မှာ သင်္ကြန်ကျတာနဲ့ ဘယ်လိုများ သက်ဆိုင်နေလဲ။ ကျွန်တော်အရပ်သားတစ်ယောက် ဖြစ်နေရင်တောင် ဒီကောင်မလေး သူ့ဟာနေပြည်တော်မကလို့ အင်္ဂါဂြိုလ်မှာ မြေကွက်ဝယ်ပြီး သင်္ကြန်ကျကျ အနေသာကြီးပါဗျာ။ အဘယ်ကြောင့်များ ခင်ဗျားတို့ နိုင်ငံရေးသတင်းနှင့်အတင်း အဖြစ်သို့ အသွင်ဆောင်ကြရတာလဲ။ ဒါလည်း စစ်တပ်က အတင်းအဓမ္မလုပ်နေတယ် ဟုသတင်း လွှင့်တာတွေက အတင်းလား သတင်းလား သေချာ စဉ်းစားကြပါ။ အခုအဆိုတော်တွေနဲ့ တေးရေးဆရာတွေ ပြဿနာတက် နေကြတာ ရှိပါတယ်။ ခွင့်မတောင်းပဲ သီချင်းဆိုမှုတွေ အတွက်မကျေနပ်တဲ့ စာရေးဆရာတွေ၊ အမြဲတမ်း ခွင့်မတောင်းနိုင်တဲ့ အဆိုတော်တွေ ကြားက ပဋိပက္ခတွေက လူမှုရေးတွေ ရောယှက်တာ ဖြစ်ချင်ဖြစ်မယ်။ အဆင်ပြေနေရင် အသံမထွက် ကြတာ အားလုံးသိတယ်။ တစ်ယောက်နှင့် တစ်ယောက် အမြင်မကြည်လင်မှု ဖြစ်ချင်ဖြစ်မယ်။ ဂီတအစည်းအရုံး ကလည်း ပြဿနာ ကြီးကြီးမားမား ဖြစ်လာရင် ကိုင်တွယ်လာမှာပေါ့ဗျာ။ ဒါလည်း ကျွန်တော်တို့ စစ်တပ်အုပ်ချုပ်လို့ မကောင်းတာ ဆိုတော့ ခင်ဗျားတို့ရဲ့ အမြင်တွေကို ဒီနေရာကနေ ကျွန်တော်ပြောရရင် အမျိုးယုတ်ဖို့အတွက် အချင်းချင်း ရန်တိုက်၊ မြန်မာနိုင်ငံတွင်းက ပြည်သူတွေ အချင်းချင်း ပြဿနာ အသေးလေးကို အင်တာနက် စာမျက်နှာမှာ ပုံကြီးချဲ့ထွင်၊ ရေကြီးတာ မီးမလာတာ သိမ်ကြီးဈေး မီးလောင်တာ နောက်ဆုံး နာဂစ်မုန်တိုင်း တိုက်တာက အစ နိုင်ငံတော် အကြီးအကဲတွေ အပြင် စစ်တပ်က မကောင်းလို့ ဖြစ်တာပါ ဟု အကောင်းမမြင်တဲ့ ဒီမိုကရေစီ လိုလားတဲ့ အဆိုးမြင်ဝါဒ သမားတွေကို ၂၀၁၀ ရွေးကောက်ပွဲက သတ်သေပြသွားပါလိမ့်မယ်။ သိပ်လည်း ဒေါသထွက်မနေနဲ့အုံး။ အမြင်မတော်တာတွေ များနေလို့ ရေးလိုက်တာ။ တစ်နေ့တစ်နေ့ အင်တာနက်မှာ သတင်းထူးတင်တဲ့ ဆိုဒ်လေးတွေ သတိထားပြီး ကြည့်မိပါတယ်။ ဗဟုသုတနှင့် အဖြစ်အပျက်တွေ သိရအောင် ဖတ်မိပါတယ် ဘီဘီစီလိုပါပဲ နောက်ဆုံးပိတ်မှာ အမြဲတမ်း မြန်မာနိုင်ငံ မကောင်းကြောင်းနဲ့ အဆုံးသတ်ပါတယ်။ သတင်းမှ မဟုတ်တော့တာ... နိုင်ငံတော် မုန်းတီးရေးကို ရည်မှန်းချက်ထားပြီး ရေးနေကြတာ ခင်ဗျားတို့အဖြစ်က ဘာနဲ့တူနေလဲ ဆိုတော့ အိပ်နေရင်းနဲ့ ယောင်တတ်တဲ့ လူပြောသမျှ အကုန်လုပ်နေရ သလိုပါပဲ။ သူခိုးကို ဓါးရိုး မကမ်းမိစေဖို့တော့ လိုလိမ့်မယ် ဟု ၈၈ ကျောင်းသားများနှင့် ၎င်းတို့အား အားကိုးနေသူများ အမျိုးယုတ်ဖို့အတွက် အကွက်ချစီစဉ်နေတဲ့ ဒီမိုကရေစီနှင့် နိုင်ငံရေးသမားများအား ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူပြည်သားများမှ ကိုယ်စိတ်နှလုံးထဲက အသဲခိုက်အောင် မုန်းတီးခဲ့ရပြီး နာကြဉ်းနေပါကြောင်း ယင်းတို့လုပ်ခဲ့တဲ့ ပြန်ပြင်၍မရတဲ့ အတိတ်တွေကို ကြုံဖူးသူတိုင်း ယနေ့တိုင် မေ့မရ၍ နောက်ထပ်အဖြစ် မခံပဲ ၀ိုင်းဝန်းကာကွယ်သွားကြစို့ ဟု ဆန္ဒပြုလိုက်ပါတယ်။

အားလုံးကိုလေးစားပါတယ်

စေလိုရာ

|
This entry was posted on 8:04 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments:

ဇာတိမာန်