Author: စေလိုရာ
•2:01 PM

နိုင်ငံသမိုင်း မိမိသမိုင်းကို တန်ဖိုးထား လေးစားပြီး လူအများအား အသိပေးဖော်ပြချင်တဲ့ ဆန္ဒတွေရှိတယ်ဆိုရင် စာလုံးပေါင်းကို မှန်အောင်ရေးစေချင်ပါသည်။ အပေါ်ကပုံသည် ဘာကိုရည်ရွယ်ပြီး ဖော်ပြနေသလဲ ဆိုတာကို အမှန်တိုင်း ၀န်ခံရဲကြရဲ့လား။ အဲဒီနေ့မှာ အလုပ်ပိတ်ရက်ရော ဟုတ်ရဲ့လား။ ဒါမှမဟုတ် ခွင့်ယူပြီး ဒီအလုပ်တွေလုပ်နေရတာလား။ မြင်နေရတာကတော့ အဲဒီစာတွေရဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ ပိုက်ဆံရဖို့အတွက် မျက်နှာပြောင် တိုက်တယ်လို့ပဲ ထင်ပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ခိုင်ခိုင်မာမာ လုပ်တယ်ပဲထားပါအုံး။ ဒါဆိုမေးခွန်းတစ်ခု ထုတ်ကြည့်လိုက်မယ်။ နိုင်ငံ့သမိုင်းကို တန်ဖိုးထားလေးစားပါသည်ဟု ရေးပြီး အော်နေတဲ့လူတွေကရော မြန်မာသမိုင်းကို သေချာသိရဲ့လား…။ ဘယ်လောက်လေးစားပြီး တန်ဖိုးထားနေကြလို့လဲ။ ဒါအပြင့် အခုပုံတွေမှာ ကလေးသူငယ်တွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီကလေးတွေက မြန်မာရော ဟုတ်ရဲ့လား။ မြန်မာစကားရော ပြောတတ်ရဲ့လား…။ မြန်မာ့သမိုင်းရော သင်ဖူးရဲ့လား။ နိုင်ငံခြားမှာအခြေချပြီး အိမ်ထောင်ပြုကလေးမွေး၊ ပြန်မလာချင်တဲ့ လူတွေက အများကြီးရှိသေးတယ်။ နိုင်ငံရေးဘာမှမသိတဲ့ ကလေးတွေက နိုင်ငံရေးလုပ်ပြီး သေသွားတဲ့လူတွေ ပြန်ဝင်စားကြလို့လား…။ အခြေအမြစ် မရှိတော့လည်း တန်ဖိုးပါမဲ့နေတယ်။ ကလေးတွေကို ဝေဒနာပေးနေသလိုပဲ… အဲဒီကလေးတွေက ခင်ဗျားတို့ရဲ့ ဒုက္ခတွေကို ဆက်ခံရအုံးမယ်။ ဘယ်မှာအကောင်း ရှိနိုင်မလဲ… ထိုမှတဆင့် ဒုက္ခကူးစက်ခြင်း အနေဖြင့် ကိုယ့်နိုင်ငံကို ရောက်လာမယ်။ စဉ်းစားကြည့်ရင် လွယ်လွယ်လေးပါ။ ခင်ဗျားတို့က ပြည်ပြေးတွေဆိုရင် ခင်ဗျားတို့ရဲ့မျိုးဆက်တွေက မြန်မာနိုင်ငံနဲ့ တဖြည်းဖြည်းဆက်နွယ်မှု့ ပိုဝေးလာလိမ့်မယ်။ နောက်ပြီးရင် နိုင်ငံခြားသား/သူများနှင့် အိမ်ထောင်ကြအုံးမယ်။ ဘာတစ်ကွက်မှ ခင်ဗျားတို့ကို ထောက်ခံစရာမရှိဘူး။ နိုင်ငံရေးလုပ်စားတဲ့ လူတွေထဲမှာလည်း ဒါမျိုးလေးတွေ ရှိပါတယ်။ ကိုယ်ကျတော့ နိုင်ငံမကောင်းကြောင်း စစ်အစိုးအရမကောင်းကြောင်း နိုင်ငံတကာမှာ ၀ါဒလိုက်ဖြန့်တယ်…။ ကရင်လူမျိုးကို သေလောက်အောင်ချစ်သည်။ တိုးတက်အောင် လှုပ်ရှားနေတယ်လို့ပြောတဲ့ မနန်းဘွားဘွားဖန်းက သူယူထားတဲ့ ယောင်္ကျားက နိုင်ငံခြားသားဖြစ်နေတယ်။ ရှက်စရာကောင်းမှန်း မသိနိုင်တာလား မသိကြတာလား။ ဒါကိုမြန်မာလူမျိုးတွေက အတုလိုက်ယူရမှာလား။ အမျိုးယုတ်လာရင်တော့ လက်မခံနိုင်ဘူး။ အရှင်းဆုံးပြောရရင် မြန်မာနိုင်ငံကို စွန့်လွတ်ပြီး နိုင်ငံခြားကိုချစ်မြတ်နိုးလို့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ နိုင်ငံခြားသားကိုယူတယ်၊ ဒါမှမဟုတ် မြန်မာနိုင်ငံသား အဖြစ်မှ စွန့်လွတ်ထားသူနဲ့ အိမ်ထောင်ပြုပြီး နိုင်ငံခြားမှာ ကလေးမွေးရင် နိုင်ငံခြားသားပဲ ငါတို့မြန်မာနိုင်ငံသား မဟုတ်ဘူး။ မြန်မာနိုင်ငံကို ချစ်မြတ်နိုးတယ်ဆိုရင် မြန်မာနိုင်ငံက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း နေနိုင်ရမယ်။ မနေနိုင်ရအောင်လည်း မြန်မာနိုင်ငံမှာနေပြီး ယခုချိန်ထိ ကြီးပြင်းလာတဲ့ လူတွေသန်းနဲ့ချီနေပြီး။ မွေးတဲ့လူတွေက မွေးတုန်းပဲ…။ အဲဒါကိုလည်း မြင်အောင်ကြည့်ကြပါအုံး…။

မိမိအသုံးမကျလို့ မြန်မာနိုင်ငံမပြန်ရတာ မကျေမနပ်နဲ့ နိုင်ငံသိက္ခာကျအောင် လုပ်ချင်နေသေးတယ်။ မိဘဆိုတာ သားသမီးကောင်းနေလို့ကတော့ ဘယ်တော့မှမပစ်ပယ်ဘူး။ မကောင်းရင်တောင် အတတ်နိုင်ဆုံးကြည့်တတ်ကြတယ်။ ဆိုးရွားလွန်းတဲ့သားသမီးတွေ အတွက်သာ အမွေဖြတ်ကြရတာ။ ဒါပေမယ့် အခုခေတ်မှာ ခပ်ညံညံမိဘတွေ ရှိသလို၊ ခပ်ညံညံသားသမီးတွေလည်း ရှိနေကြတယ်။ တယူသန်ရင်တော့ ပြန်အယူခံဝင်တဲ့အခါ ခံနိုင်အောင် ကြိုးစားထားပေါ့။ တစ်သက်လုံးနိုင်ငံခြားမှာနေ မိဘကနိုင်ငံရေးလုပ်စားချင်လို့ သားသမီးကို မြန်မာစာတတ်အောင် သင်ပေးရတဲ့ မြန်မာတွေကို ငါတို့နိုင်ငံက အလိုမရှိဘူး။ ဒီအတွက် မြန်မာနိုင်ငံရေးနှင့် ပတ်သတ်ရင်ဘာမှ ၀င်ရောက်ပိုင်ခွင့်မရှိဘူး။ ကြိုက်သလို စောဒကတက်နိုင်တယ်။ ဘာမှမသိသေးတဲ့ ကလေးတွေကို အသိဥာဏ်မရှိတဲ့ အတွေးအခေါ်တွေနဲ့ လျှောက်အော်ခိုင်းမနေပါနဲ့။ မျှောက်ပြဆန်တောင်းတာ ကြည့်လို့ကောင်းတယ်။ မိမိသားသမီးကို မရှက်မကြောက် ဒီပိုက်ဆံမျက်နှာကြောင့် လမ်းဘေးမှာ ဆိုင်းဘုတ်ကိုင် အော်ခိုင်းနေတာကတော့ ဘာနဲ့တူနေသလဲဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ဗျာ။ အဲလိုလုပ်တာ ဂုဏ်ယူစရာလို့ ကလေးတွေကို ခင်ဗျားတို့ အမှားသရုပ်ပြခဲ့ရင်တော့ သေချာတယ် သူတို့လေးတွေလည်း ဒီတစ်သက်ဒီဘ၀ဒီခန္ဓာ ရှိနေသရွေ့ ခင်ဗျားတို့တွေလို ဆက်ဖြစ်နေအုံးမှာပဲ။ ဒီဆိုင်းဘုတ်တွေကိုင်ပြီး တစ်သက်လုံး ပိုက်ဆံရဖို့ မရှက်မကြောက် စိတ်မပါလည်း လုပ်နေကြရအုံးမှာပဲ။ ဒါကို လိုလားတယ်ဆိုရင်တော့ ဆက်လုပ်ကြပေါ့။ ကလေးတွေကိုလည်း မြှောက်ပေးကြပေါ့။ အဖေအမေတို့ ပုံစံတွေဖြစ်အောင် တစ်ဖက်စောင်းနင်း အယူအဆတွေနဲ့ အစဉ်အလာကို ထိန်းသိမ်းထားခဲ့ချင်တယ် ဆိုရင်တော့… ခင်ဗျားတို့ရဲ့ ပညာတွေဆက်လက် သင်ပေးလိုက်ပါအုံး။

မြန်မာနိုင်ငံရေး လှုပ်ရှားရတာ အမြဲတမ်းပါပဲ… ဒီလူတွေလောက် အလုပ်များတာ နှစ်ယောက်မရှိဘူး။ ပြောလိုက်ရင် မိုးကြီးလေကြီး လုပ်လိုက်ရင် တလွဲတွေချည်းပဲ။ တစ်ခုမှလည်း ဖြစ်မလာဘူး။ နောက်ဆုံးတော့ ခင်ဗျားတို့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေပဲ ပြိုကွဲ။ အချင်းချင်း ထချကြတယ်။ အင်တာနက် စာမျက်နှာမှာ တွေ့နေရတာပဲ။ ဒါမျိုးတွေကျတော့ ခေါင်းဆောင်ကောင်းလား။ မြန်မာနိုင်ငံက အစိုးရကျတော့ ဘယ်တော့မှ အကောင်းမပြောဘူး။ ခင်ဗျားတို့ လွဲနေတာနိုင်ငံရေး လုပ်လာတဲ့ သက်တမ်းတစ်လျှောက်ပါပဲ။ ပိုက်ဆံလိုချင်တဲ့ လူတွေကနိုင်ငံရေး လုပ်တယ်။ အလုပ်သက်တမ်းလေး ရင့်လာတော့ ခေါင်းပုံဖြတ်ချင်လာတယ်။ ရှေ့ကလူတွေကလည်း ဒီအတိုင်းပဲ မြန်မာအချင်းချင်း ခေါင်းပုံဖြတ်တယ်။ ငါကဆိုင်းဘုတ်ကိုင်တာ ငါကစပီကာနဲ့မိန့်ခွန်း ပြောရတာ ငါကစကားပြောရတာ ငါကအလံကိုင်တာ ငါကမီဒီယာနဲ့ ၀ါဒဖြန့်ရတာ ငါကအင်တာနက် စာမျက်နှာမှာ လိုက်ဆဲနေရတာ စသည်အားဖြင့် အမျိုးမျိုးသော အကြောင်းပြချက် များဖြင့် ငါကခေါင်းဆောင်ဖြစ်တဲ့အတွက် မင်းတို့ထက် ဝေစုပို့ရမယ်။ မင်းကတော့ ဆိုင်းဘုတ်ကိုင် ရပ်နေရတာမို့ ဒီလောက်ပဲယူရမယ်။ ဆိုင်းဘုတ်ကိုင်ထားတာက တစ်မိသားစုလုံးဆိုတော့ ပွတာပဲပေါ့။ အစတော့ ဘယ်သိမလဲ… နောက်ပိုင်းကျတော့ ပြဿနာတွေတက် အခုအချင်းချင်း အကုန်အစဖော်ကြတာပဲ မဟုတ်လား။ ၀ရမ်းပြေးကလည်း အချင်းချင်း ပြန်စော်တယ်။ ဒေါ်လာစားကလည်း ဒေါ်လာစားအချင်းချင်း ပြန်စော်တယ်။ ခင်ဗျားတို့ ဘယ်မှာလဲ သစ္စာတရား ဒါကိုများ မြန်မာနိုင်ငံကြီးကို ကယ်တင်နေတာပါဟု ခင်ဗျားတို့ ပါးစပ်တွေက ထွက်ရဲသေးတယ်။ ခေါင်းဆောင်ကောင်းရင် နောက်လိုက်ကောင်းတယ်။ ဒါကြောင့် ခေါင်းဆောင်ကောင်းတွေ ဖြစ်အောင်နေကြပေါ့။ အရှုးချီးပန်းဖြစ်နေတဲ့ ခင်ဗျားတို့ရဲ့ ပြည်ပြေးမောင်မိုးကြီး တစ်ယောက်လည်း ရှိသေးတယ်။ အခုချိန်ထိ ပေါတောတော အလုပ်တွေ လုပ်နေတုန်းပဲ…။

မြန်မာနိုင်ငံကို ကယ်တင်ဖို့မပြောနဲ့ နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာအချင်းချင်းကို အရင်ဆုံး စည်းလုံးအောင် လုပ်ပါအုံး။ နိုင်ငံရေးလုပ်လို့ရတဲ့ ပိုက်ဆံလေးကိုပဲ အညီအမျှ ခွဲဝေပေးနိုင်အောင် ကြိုးစားစမ်းပါအုံး…။ အားအားရှိ အော်နေအုံးမယ်ဆိုရင်တော့ ခင်ဗျားတို့ ခေါင်းတွေ နေရာမကျသေးဘူးလို့သာ မှတ်ပါ။ ခေါင်းကခေါင်းနေရာမှာ မရှိပဲ တခြားနေရာ ရောက်နေလို့ အသုံးမ၀င်တော့တာ။ ဒါကြောင့် လုပ်လိုက်တဲ့အရာတိုင်းဟာ တန်ဖိုးမဲ့နေရတာ ဖြစ်နိုင်တယ်။ နိုင်ငံခြားမှာနေပြီး ပညာသင်ကြတယ်။ ကြိုးစားကြရတယ်… ဥာဏ်ရည်မြင့်မားအောင်လည်း ကျောင်းတိုင်းက သင်ပေးကြတယ်။ အဲလိုနဲ့ ဘွဲ့တွေရတယ် ဒီပလိုမာတွေရကြတယ်။ စီးပွားရေး အခြေအနေ မခိုင်တာကြောင့် အလုပ်လုပ်ရတာမှန်ပါတယ်။ ကိုယ့်နိုင်ငံဆူပူအောင် ရည်ရွယ်ပြီး လုပ်နေရတဲ့အလုပ်ဟာ သမာအာဇီဝမဟုတ်ဘူးဆိုတာ နားလည်သင့်တယ်။ တချို့တွေကလည်း စာမတတ်ကြဘူး… ရတဲ့အလုပ်လေးနဲ့ နိုင်ငံရေးကို ပူးတွဲလုပ်နေကြတယ်။ လွယ်လွန်းပြီး ပိုက်ဆံရမယ့် အလုပ်တွေကိုလည်း ခုံမင်လာကြတယ်။ ပညာတွေတတ်တာမှန်ပေမယ့် မြန်မာနိုင်ငံရေးနဲ့ ပတ်သတ်ရင်တော့ ပညာမတတ်ကြတော့ဘူး။ မဆင်ခြင်ကြတော့ဘူး… စဉ်းစားဥာဏ်တွေ နည်းလာတာတွေ့ရတယ်။ ပိုက်ဆံကပဲ အရာရာပြောင်းလဲပေးလိုက်တာ ဖြစ်နိုင်တယ်။ ပိုက်ဆံကြောင့် အခုလို အော်နေကြရတာလား… ဘုမသိဘမသိ ဆွေးစဉ်မျိုးဆက် ဒီနိုင်ငံရေးနဲ့ လုပ်ကိုင်နေထိုင်တာ သမာအာဇီဝလို့ ထင်နေတာလား…။




အာဏာရှင် အလိုကျလုပ်ရပ်များကို လုံးဝရှုံ့ချသည် ဆိုတာလည်း မှန်အောင် ရေးကြပေါ့။ ခင်ဗျားတို့က အင်တာနက်ပေါ်မှာလည်း လုပ်ဆောင်ချက်တွေကို ဖော်ပြချင်ကြတယ်။ အများပြည်သူမြင်နိုင်အောင် အစွမ်းအစတွေပြချင်ရင် ဖြစ်သလိုတော့ မလုပ်ကြနဲ့ပေါ့။ လူတွင်ကျယ် လုပ်တိုင်း လူအပြောလွတ်အောင် သေချာလုပ်ပါ။ အခုလို စာသားအကြီးအကျယ်တွေ ရေးပြီး အရှက်ထပ်ကွဲနေလိမ့်မည်။ ခင်ဗျားတို့ကို ဆရာလုပ်နေတာ မဟုတ်ပါဘူး။ နိုင်ငံရေးလုပ်နေပြီး နိုင်ငံရေးဆိုတာ ဘာမှန်းမသိဖြစ်နေတဲ့ သဘောပေါက်နေတယ်။ ကိုယ်စီးတဲ့မြင်း အထီးလား အမလား ဆိုတာကိုတော့ သေချာသိသင့်ပါတယ်။ ခင်ဗျားတို့ ဘယ်လိုစဉ်းစားပြီး ယခုလို စာတွေနဲ့ ဆန္ဒပြနေလဲတော့ မသိပါဘူး။ အဲလိုအော်နေတိုင်း ခင်ဗျားတို့ရဲ့ သဘောထားတွေကို ဖော်ထုတ်တိုင်း နိုင်ငံကြီးက ပြောင်းလဲသွားရောလား…။ ခင်ဗျားတို့ရဲ့ သားသမီးတွေကို ကောင်းသတင်းတွေနဲ့ မိသားစုကို ဦးဆောင်ခဲ့တယ်လို့ သမိုင်းမချန်ထားခဲ့ချင်ဘူးလား။ ခင်ဗျားတို့ရဲ့ အလုပ်က ကိုယ့်နိုင်ငံမကောင်းကြောင်း ရေးမယ် ဆန္ဒပြမယ်ဆိုတဲ့ နေထိုင်စားသောက်မှု့ စနစ်လား….??? မျိုးဆက်တွေအတွက် ညိုစွန်းနေမည့် ဂုဏ်မယူထိုက်တဲ့ အမှုအရာတွေနဲ့ နောင်ဘ၀ကို ကူးပြောင်းကြတော့မှာလား…။

လူဆိုတာက ကိုယ်နဲ့တန်ရာတန်ရာပဲ မှန်းသင့်တယ်။ စိတ်ကူးယဉ်တာလောက်ကို ထည့်မပြောဘူး။ အဲဒီစိတ်ကူးတွေကို အဟုတ်ထင်ပြီး ချပြနေရင်တော့ ဦးနှောက်မရှိတဲ့ လူတစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်။ အသုံးမကျလို့ နားနေရတဲ့လူတွေ… စိတ်ဓာတ်မရှိလို့ မနေနိုင်လို့ ထွက်ပြေးတဲ့ လူတွေကို ဘာအတွက် မြန်မာနိုင်ငံမှာ နောင်တစ်ချိန် အသုံးချနေအုံးမှာလဲ။ ပင်ကိုစိတ်ဓာတ်က အဓိကပဲ။ အလုပ်တစ်ခုကို လုပ်ရင် သစ္စာရှိရမည်။ ကိုယ်ကသစ္စာဖောက်ပြီးမှ နေစရာမရှိမှ နိုင်ငံတော် မကောင်းကြောင်းပြောတာ နိုင်ငံတော်ကို ထပ်ဆင့်သစ္စာဖောက်နေတာပဲ။ ဒီလိုလူမျိုးတွေအတွက် ခြေချဖို့ ငါတို့နိုင်ငံက လုံးဝခွင့်ပြုမည်မဟုတ်။ ပြည်ပြေးတွေရဲ့ အကျင့်က မကောင်းခဲ့တာ အခုမှ မဟုတ်ပါဘူး။ ဒါကလည်း အစဉ်လာတစ်ရပ်လို ဖြစ်နေပါပြီး။ ဒီအတွက် ခင်ဗျားတို့မှာ ဖြေရှင်းချက်တွေ မရှိနိုင်ပါဘူး။

အောက်ကပုံတွေက ကိုယ့်နိုင်ငံမှာလည်းမဟုတ် တခြားနိုင်ငံမှာ အခုလို အလံကိုင် ကဒ်ထူမှာ စာရေးပြီး လမ်းဘေးမှာ ရပ်နေရတာက ဘ၀လား…??? နိုင်ငံကောင်းကြောင်း မလုပ်နိုင်တဲ့လူတွေ လေလုံးကြီးထွားတဲ့လူတွေ၊ နိုင်ငံရဲ့ဥပဒေကို မလိုက်နာနိုင်တဲ့လူတွေကို လေးစားအားကိုးနေတာ ဘာသဘောလဲ။ ခင်ဗျားတို့ရဲ့ စံပြပုဂ္ဂိုလ်တွေလား…??? ဘ၀မှာ စံတင်လောက်စရာ အဲလောက်ထိ ရှားနေရသလား…??? အရမ်းသနားမိပါတယ်။ ဗီဇာသက်တမ်းကလည်း ဒါမျိုးတွေ တင်ပြမှ တိုးမှာတဲ့လား။ ကိုယ်ခင်းထားတဲ့ လမ်းဆိုတော့ ဒီလိုဒုက္ခလေးတွေ ရှိနေကြမှာပေါ့။ ၀ဋ်ရှိသမျှ ဆက်ခံလိုက်ပါအုံး… မြန်မာနိုင်ငံရေးနဲ့ ထမင်းစားနေသော ဒေါ်လာချစ် မိတ်သဟာများ..။



နောက်တစ်ချက် ပြောချင်တာက အဓိပ္ပာယ်မရှိဘူးလို့ ခင်ဗျားတို့ ထင်ထားတဲ့ ဗွီဒီယိုတွေကို ကန့်ကွက်နိုင်တယ်။ ဒါပေမယ့် မဆီမဆိုင်တဲ့ အနုပညာသမားတွေရဲ့ ထမင်းအိုရိုက်မခွဲသင့်ဘူး။ သူတတ်တဲ့ အနုပညာနဲ့ အလုပ်လုပ်စားနေတာ။ ခင်ဗျားတို့ မကျေနပ်တာ နအဖမဟုတ်လား တိုက်ရိုက်ကစ်ပါလား။ အလုပ်ဆိုတာလူတိုင်းမှာ ရှိကြတယ်။ မြန်မာနိုင်ငံသားတွေ အဝေးရောက်နေလို့ ဖျော်ဖြေမှု့ တစ်ရပ်အနေနဲ့ လာတာကို ရိုင်းစိုင်းတဲ့ အမှုအယာတွေနဲ့ မပြုလုပ်သင့်ဘူးထင်တယ်။ လူ့ဘောင်ကို ခတ်ထားတာ အရမ်းကျဉ်းနေတယ်။ နားလည်မှု့မရှိတဲ့ လူတန်းစားတွေနဲ့ သွားတူနေတယ်။ အာရုံဦးမှာဖူးသည့်ကြာ ဆိုတဲ့ ဇာတ်ကားကို မကြိုက်ရင် ဒါရိုက်တာ ဒါမှမဟုတ် ကြီးကြပ်သူတွေကို မကျေနပ်ချက်တွေ တိုက်ရိုက်လုပ်ဆောင်သင့်တယ်။ သရုပ်ဆောင်ဆိုတာ ကျရာအခန်းမှ ပီပြင်စွာ သရုပ်ဆောင်ကြရတာပါပဲ။ ခင်ဗျားသာ အဲဒီသရုပ်ဆောင်ဘ၀ကို ရထားတယ်ဆိုရင် ခင်ဗျားလည်း သူ့အတိုင်းပဲ လုပ်ဖြစ်မှာ သေချာပါတယ်။ မကောင်းတဲ့ဘက်ကို ဘာကြောင့် လူတွေကိုအရောက် ပို့ပေးနေကြတာလဲ။ ခင်ဗျားတို့လို လူတစ်စုကြောင့် ပြည်ပမှာနေတဲ့ လူကောင်းတစ်ချို့ နစ်နာတယ်။ ဒီအနုပညာသမားကို ကြိုက်တဲ့ပြည်ပရောက် မြန်မာတစ်ယောက်အနေနဲ့ နောက်တစ်ခါ အဲဒီအခွင့်အရေး ဆုံးရှုံးနစ်နာသွားရတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်သင့်တယ်။ ရည်ရွယ်ချက်တွေကို ခင်ဗျားတို့ နားမလည်ကြတာ အရမ်းဆိုးလွန်းပါတယ်။ ဒီသရုပ်ဆောင်တွေ လာဖျော်ဖြေတာက ခင်ဗျားတို့ကို ၀ါဒဖြန့်တဲ့ စကားလုံးတွေ လာပြောတာလဲမဟုတ်ဘူး။ ခင်ဗျားမကြိုက်တဲ့ ဇာတ်ကားကို ပြည်ပမှာလာရိုက်ပြနေတာလည်း မဟုတ်ဘူး။ အဓိကက ခင်ဗျားတို့ကို အနုပညာရသတွေ ပေးချင်လို့ ရောက်လာကြတာ… အမှန်တကယ်ဆိုရင် လှိုက်လှဲစွာ ကြိုဆိုသင့်တယ်လို့ ထင်ပါတယ်။ သူတို့လုပ်တဲ့ အလုပ်တွေက အဓိပ္ပာယ်ရှိတယ်… အခုခင်ဗျားတို့ လုပ်လိုက်တဲ့ အလုပ်တွေကသာ အဓိပ္ပာယ်မဲ့နေတာ… ကိုယ့်ကြောင့် တခြားလူတွေကို ဒုက္ခမရောက်ပါစေနဲ့…

စက်တင်ဘာဆန္ဒပြပွဲအပြီးမှ ထွက်ခဲ့တဲ့ Burma VJ ဇာတ်ကားကရော ဘာရုပ်တိရှိလို့လဲ။ ဖြတ်ညုပ်ကပ် လျှောက်လုပ်ထားတာပဲ။ ဒါနဲ့များ အောစကာဆု ရရှိအောင်မဲပေးကြပါအုံးတဲ့။ တစ်ကမ္ဘာလုံးက ကြည့်ကြတာပါ။ ပြည်ပကလူတွေပဲ မဲပေးပြီး အောစကာဆု မရနိုင်ဘူးဆိုတာ အခုလောက်ဆို သဘောပေါက်လောက်ရောပေါ့။ နောက်ပြီး မောင်မောင်ကြီး စီစဉ်ရိုက်ကူးထားတဲ့ စစ်ကျွန်မခံခွပ်ဒေါင်းအလံ ဇာတ်လမ်းကရော ရုပ်တိအရမ်းရှိနေလို့လား… အဲဒီဇာတ်လမ်းတွေရော ကြည့်ဖူးရဲ့လား… ဘာမှသိမယ့်လူတွေလည်း မဟုတ်လောက်ပါဘူး… ရမ်းသမ်းပြီး လျှောက်ပြောနေတာပဲ ဖြစ်ဖို့များတယ်။ စက်တင်ဘာလူထုအုံကြွမှု့ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားမှာဆိုရင် ပိုတောင်ရုပ်တိမရှိဘူး။ တစ်ခန်းလောက်ပဲ ထုတ်နှုတ်ပြချင်ပါတယ်။ ကြည့်ပြီးတော့လည်း ရီရပါတယ်။ ဗိုလ်ချုပ်လုပ်တဲ့လူကလဲ ဆံပင်လေးတော့ သေချာညုပ်သင့်ပါတယ်။ ဗိုလ်ချုပ်ကို တန်းအပ်ဖို့စောင့်နေတာက လူသုံးယောက်နဲ့ အခန်းတစ်ခန်း စာသင်ခန်းလား ဘာအခန်းလဲတော့မသိဘူး ဆံပင်အနေထားက စစ်ပုံကိုမကျတာ။ ဘာတွေပြောနေမှန်းလဲ မသိဘူး။ မဟုတ်တာတွေ ပြောရတော့ ကျေနပ်နေကြတယ်။ အသက်ကြီးပြီးတော့ အချိန်ကိုမစီးတာ ဒါမျိုးတွေလဲပါတယ်။ နောက်တစ်ခန်းက ကြံဖွတ်တွေလိုက်လို့ ဘုန်းကြီးကျောင်းကို ပြေးလာတဲ့အခန်း သရုပ်ဆောင်တာ အရမ်းပီပြင်လွန်းလို့ ရီရတယ်။ ဤဇာတ်ကားထဲမှာ ပြောထားတဲ့စကားတွေကို ကြားရတိုင်း နိုင်ငံရေးသမားတွေအကြောင်း ကောင်းကောင်းသိရတယ်။ အပေါ်မှာပြောခဲ့သလိုပေါ့ ပြောလိုက်ရင် မိုးတစ်လုံးလေတစ်လုံး စစ်အာဏာရှင်တွေ ကြောက်နေပြီးတဲ့ ဒီတစ်ခါတော့ အပိုင်ချကြမယ်တဲ့ ဟုတ်လိုက်လေ့ရဲ့လို့ အမြဲတမ်းတွေးပြီး လေထဲကတိုက်ပွဲဖြစ်နေတဲ့ နိုင်ငံရေးသမားတွေကို ၀မ်းနည်းမိပါတယ်။ အဲလိုစကားမျိုးကို ဟိုးငယ်စဉ်တောင်မွေး ကလေးဘ၀လောက်ကနေ ယခုအချိန်ထိ ကြားနေရတုန်းပါပဲ။ တကယ်တော့ နိုင်ငံရေးသမားဆိုတာ ဆိတ်ပါးစပ် မြောက်လက်တွေပါ။ ပြောချင်ရာပြောတယ်။ လုပ်ချင်ရာလုပ်တယ်။




ဒီဓာတ်ပုံတွေနဲ့ ပတ်သတ်ပြီးတော့ စိတ်မကောင်းပါဘူး…။ အင်တာနက်စာမျက်နှာမှာ ဂုဏ်ယူပြီး ဖော်ပြထားတာ တွေ့ရလို့ထောက်ပြလိုက်ရုံပါပဲ။ ဒီလိုလူတွေကို မြင်ရတိုင်းမှာ အရမ်းဝမ်းနည်းမိပါတယ်။ ငါတို့မြန်မာတွေက အရှက်အကြောက် မရှိတော့တာကို စိုးရိမ်တယ်။ ကိုယ်လုံးတီးချွတ်ပြီး လမ်းမှာထိုင်နေမှ မဟုတ်ပါဘူး။ ယခုလို ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးအချင်းချင်း ပြည်ပမှာ အနေရခက်အောင် နည်းအမျိုးမျိုးနဲ့ လုပ်တာဟာလည်း ရှက်စရာပါပဲ။ ကိုယ်နေတဲ့နေရာက လူတွေဖိတ်လို့ ရောက်လာတဲ့ ကိုယ့်ဧည်သည်တွေကို ကြိုဆိုလိုက်ပုံက ရိုင်းစိုင်းရာကျပါတယ်။ ၀လုံးရှည်နဲ့ ရမ်းတာက နေရာတိုင်း မကောင်းဘူး။ ခင်ဗျားတို့ မြန်မာနိုင်ငံပြန်လာလို့ အခုခင်ဗျားတို့လို ပြန်လုပ်ရင် ကြိုက်မလား အရင်စဉ်းစားကြည့်ပေါ့။ ပုံစံတွေ ကြည့်ရတာတော့ ငိုစားရီစား စိတ်ဓာတ်တွေ လုံးပါးပါးနေလောက်ပါပြီး။ နိုင်ငံရေးသမားတွေကို ပြန်ကြည့်လိုက်တော့လည်း မြန်မာနိုင်ငံကို အမြဲတမ်းအပြစ်တင် ရှုံ့ချနေရုံကလွဲပြီး ဘာမှမတတ်နိုင်ကြဘူး။ သူတို့အလုပ်က ဒါလည်းပါဝင်နေတော့ လုပ်နေရပြန်ရော။ သေချာတာက ဗီဇမကောင်းတဲ့ သူတို့မျိုးဆက်တွေ ငါတို့နိုင်ငံနဲ့ လာလာပတ်သတ် နေကြတာပါပဲ။ ကင်းနိုင်တာလည်း မဟုတ်ပဲနဲ့ မစားရတဲ့အမဲသဲနဲ့ပက်ဆိုသလို အမြဲတမ်း နှောက်ယှက်ဖျက်စီး နေအုံးမှာပါပဲ။ ဒါပေမယ့် အမြဲတမ်း ပြောနေတဲ့စကားနဲ့ပဲ နှစ်သိမ့်လိုက်ပါတယ်။ မကောင်းတာလုပ်တဲ့ လူတွေကို လောကကြီးက အမြဲတမ်းဒဏ်ခတ်ထားတယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေ ဘာလုပ်လုပ် ဘာမှမအောင်မြင်တာ အမှန်တရားပဲ။ မကောင်းတာလုပ်ဖို့ အကွက်ချပြီး စီစဉ်ထားတဲ့ ၀ါရင့်နိုင်ငံရေးသမားတွေကို အားနာပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ အသိဆုံးပါ ကိုယ်ဘာလုပ်ခဲ့သလဲ အောင်မြင်မှုနဲ့ ကျရှုံးမှုမှာ ချိန်ခွင်လျှာက ဘယ်ဘက်မှာ ရှိနေသလဲဆိုတာ…??? ဒီသင်ခန်းစာတွေကို ကြည့်ပြီးတော့။ နိုင်ငံရေးလောကမှ မျိုးဆက်တွေ အမြင်မှန်ရလာမယ် ဆိုရင်တော့ လှိုက်လှဲစွာနဲ့ မြန်မာနိုင်ငံကြီးက ကြိုဆိုနေအုံးမှာပါ…။

လုပ်နိုင်တာကိုသေချာလုပ်ကြပါ

စေလိုရာ

ဇာတိမာန်